Part - 22

2K 188 29
                                    

Jungkook သည်အခန်းထဲ၀င်သွားတော့
ကုတင်ပေါ်မှာခြေဆင်းထိုင်နေပြီး မျက်နှာ
ခပ်တည်တည်နဲ့ ဖုန်းသုံးနေတဲ့ သူ့ရဲ့ချစ်သူ
လေးကိုတွေ့လိုက်ရသည် ။

" အူကြူးလေး "

" ..... "

" ကိုယ့်ရဲ့အသည်းနှလုံးလေး ၊ ပူတူးတူးလေး
ကျောက်ကပ်တုံးလေး ၊  ချစ်မ၀လေး ၊
အသည်းအသက်လေး ၊ မြတ်နိုးရသူလေး ၊
မိုချီလေး ၊ အူကြူးလေး "

Jimin သည်မျက်နှာခပ်တည်တည်နဲ့ Jung
Kook သူ့ကိုနာမည်မျိုးစုံဖြင့်ခေါ်နေတာကို
ကြားရဲ့သားနဲ့ တမင်တကာမကြားချင်ယောင်
ဆောင်ပြီးဖုန်းသုံးနေသည် ။ ဒီတစ်ခါတော့
ဆရာ၀န်လေးကိုတကယ်စိတ်ဆိုးပါသည် ။

" အူကြူးလေး ... ငါညကစားသောက်ဆိုင်
ကိုမလာနိုင်ခဲ့တာ တောင်းပန်ပါတယ်နော် ။
ငါ့ကိုစိတ်မဆိုးပါနဲ့ "

" ..... "

ချစ်သူဆီကတုံ့ပြန်တဲ့အသံမလာတော့ Jung
kook သည်ဘာလုပ်လို့လုပ်ရမှန်းတောင်မသိ
တော့ဘူး ။ ကိုယ်ကဒီလောက်ချော့နေတာ
တောင် ဘာမှပြန်မပြောဘူးဆိုတော့ ချစ်သူ
လေးကသူ့ကိုအကြီးအကျယ်းစိတ်ဆိုးနေ
တယ်ဆိုတာသူသိလိုက်ပြီ ။ အာဘွားပေးပြီး
ချော့မှစိတ်ဆိုးပြေမယ်ထင်ပါတယ် ။

Jungkook သည်ဖုန်းသုံးနေတဲ့ Jimin ရဲ့
လေးနားမှာ၀င်ထိုင်လိုက်ပြီး ပါးဖောင်း
ဖောင်းဖောင်းလေးကို သူ့ရဲ့နှုတ်ခမ်းပါးနဲ့
ဖိကပ်ကာ အနမ်းပေးလိုက်သည် ။

ရုတ်တရက်ပါးအနမ်းခံလိုက်ရတာကြောင့်
Jimin သည်ဖုန်းသုံးနေရာမှရပ်လိုက်ပြီး
သူ့ဘေးနားမှာထိုင်နေတဲ့ ဆရာ၀န်လေးကို
တွန်းထုတ်ပစ်လိုက်သည် ။

" သွား ... ငါ့ကိုဘယ်တော့မှလာမနမ်းနဲ့ ။
မင်းရဲ့အရေးကြီးတဲ့လူနာဆီကိုပဲ သွား
ပြီးဆေးကုပေးနေ ။ ငါကမင်းအတွက်
အရေးမကြီးဘူးဆိုတော့ ငါ့ဆီလည်း
မလာနဲ့ ..  ငါ့ကိုလည်းလာမနမ်းနဲ့ "

Jungkook သည်တွန်းထုတ်ခံလိုက်ရတာ
ကြောင့်ကြမ်းပြင်ပေါ်သို့ဖင်ထိုင်ရက်သား
အောက်ပြုတ်ကျသွားသည် ။ ချစ်သူလေး
ပြောတဲ့စကားကြောင့် Jungkook သည်
ဒေါသအနည်းငယ်ထွက်သွားသည် ။

အဖြူရောင်နှလုံးသား Where stories live. Discover now