Part - 25

2.3K 244 16
                                    

Jimin သည်ချစ်သူဒေါက်တာလေးနဲ့ရန်ဖြစ်စကားများပြီးဆေးရုံထဲကနေ ​ငိုယိုကာပြေးထွက်လာပြီးတဲ့နောက် ကားကိုလိုအပ်သည်ထပ်ပိုတဲ့အရှိန်ဖြင့်မောင်းနေသည် ။ ၀မ်းနည်းလွန်းလို့မျက်၀န်းအိမ်ထဲကမျက်ရည်တွေကလည်းအတားအဆီးမရှိပိုးပိုးပေါက်ပေါက်ကျဆင်းနေသည် ။

" မင်းပြောတော့ ငါ့ကိုအသက်ထက်ပိုပြီးချစ်မြတ်နိုးရပါတယ်ဆို ။ ဆရာ၀န်မလေးကိုထိတော့မင်းကစပ်စပ်ထိမခံဖြစ်ပြီး ပြန်တောင်းပန်ခိုင်းနေတာအဲ့ကောင်မက မင်းကိုဘာဆေးတွေကျွေးထားလို့လဲ ။ ငါကAnna ကိုတွန်းထုတ်လိုက်တဲ့မြင်ကွင်းကိုပဲမြင်ပြီး ပြဿနာကဘယ်လိုစဖြစ်ခဲ့လဲဆိုတာ မင်းမသိဘဲနဲ့ ငါ့ကိုပြောရက်တယ် "

" အမြဲတမ်းမင်းကိုတွေ့ချင်ရင် ဆေးရုံကို
လာနေကျ ။ အခုကျတော့ ဆေးရုံကို
ဘာကိစ္စရှိလို့ လာတာလဲတဲ့ ... မေးရက်
လိုက်တာ ။ ညစာစားပွဲပါတီက အရေးမကြီး
တာကို သိပေမဲ့ ကိုယ့်ချစ်သူဒေါက်တာလေး
နဲ့ ပွဲအတူတူတတ်ချင်မိတာ ငါ့အပြစ်ဖြစ်
သွားလား ။ ငါမင်းကြောင့်မျက်ရည်ကျတာ
သုံးခါရှိသွားပြီ  Jeon ရယ် "

" ငါ့ကိုချစ်တယ်လို့ ပါးစပ်ကနေတဖွဖွပြောတဲ့
မင်းက ကိုယ့်ရဲ့ချစ်သူဘက်က မားမားမတ်မတ်
မရပ်တည်ပေးခဲ့ဘူး ။ ငါမင်းကိုအရမ်းစိတ်ကုန်
နေပြီ Jeon "

" တနေ့တခြား ငါ့အပေါ်အချစ်တွေလျော့လာ
တဲ့ မင်းကိုအရမ်းစိတ်ကုန်နေပြီ Jeon "

" တနေ့တခါတောင် ဖုန်းဆက်မမှန်တော့တဲ့
မင်းကိုငါအရမ်းစိတ်ကုန်နေပြီ Jeon "

Jimin သည်ငိုနေရင်းအသက်ရှုကျပ်လာ
သဖြင့် အရှိန်မြှင့်မောင်းနေသောကားကို
ရပ်လိုက်ပြီး ကားမှန်တံခါးကိုဖွင့်ကာ
အသက်ကိုမနည်း၀အောင်ရှုနေသည် ။

" ငါကတော့မင်းကိုတနေ့တခြား ချစ်တဲ့
အချစ်တွေကပိုတိုးလာတာ ။ မင်းကတော့
တစ်နေ့တစ်ခြား ငါ့အပေါ်ချစ်တဲ့အချစ်တွေ
လျော့သွားခဲ့တယ် "

သေချာတယ် ... ငါမင်းကိုချစ်နေသေးတယ် ။
ငါမင်းကို " လမ်းခွဲမယ် " ဆိုတဲ့စကားမပြော
ထွက်ဘူး ။ ကျေးဇူးပြုပြီးတော့ ငါ့ကိုအများ
ကြီးပိုချစ်ပေးပါ ။ အကြောင်းကိစ္စတစ်ခုခု
ကြောင့် ငါတို့နှစ်ယောက်ဘယ်လိုနည်းနဲ့မှ
လက်တွဲမဖြုတ်ချင်ဘူး ။ ထာ၀ရသက်ဆုံး
တိုင် မင်းနဲ့အတူလက်တွဲသွားချင်တယ်
Jeon ....  ။

အဖြူရောင်နှလုံးသား Where stories live. Discover now