"ဂျီမင် "

ကျောင်းခန်းထဲ ၀င်ကာမှ ခေါ်လိုက်တဲ့ အသံကြောင့် လှည့်ကြည့်တော့

"ဂျွန်.... "

" ဂျွန် ကျွန်တော့်ဆီ လာတာလား ?"

" အင်း ဟုတ်တယ် အချိန်ရတယ် မဟုတ်လား ?"

" ......  "

သူပြန်မဖြေနိုင်ပါ  ။ အချိန်ရလာဆိုတော့ ..

"ကိုယ် သိပါတယ်  မင်းစောင့်ကြည့်ခံနေရတာ "

"ထယ်ယောင်း ပြောတာလား ?"

"အင်း "

"ထယ်ယောင်းကို အခုတစ်လော တွေ့သေးလားဂျွန် "

သူထယ်ယောင်းကို သူငယ်ချင်းဆီက ဖုန်းနဲ့ ဆက်လဲ ဖုန်းက စက်ပိတ်ထားတယ်။ ဂျွန်က တစ်စုံတစ်ရာကို ပြောသင့်မပြောသင့် စဉ်းစားပြီးတော့မှ

" ကိုယ် ဂျီမင်ကို လာပြောပြတာ ထယ်ယောင်း Car accident ဖြစ်လို့ "

"ဗျာ..."

ဒီ‌ဗျာ ရဲ့ နောက်မှာ အံ့ဩမှုတွေ မယုံကြည်နိုင်မှုတွေ စိုးရိမ်မှုတွေက အလုံးအရင်း... ရပ်နေတဲ့ ခြေထောက်တွေတောင်မခိုင်တော့သလိုပဲ   ထယ်ယောင်းက ကားမောင်းကြမ်းတဲ့ လူလဲ မဟုတ်ပါ ဘယ်လိုဖြစ်ပြီး!!

" ဘယ်လိုဖြစ်ပြီး..."

ဂျီမင်ရဲ့ မျက်ရည်စတွေက မျက်၀န်းအိမ်ထဲမှာ တွဲခိုသွားမိသည်။

" ထယ်ယောင်း ကားရပ်နေတာကို  အနောက်က ကားက ၀င်တိုက်တာ "

"ဟင့် ...."

ဒါကြောင့် ထယ်ယောင်း သူ့ဆီ မလာတာကို သူမှာတော့  အလုပ်ရှုပ်နေလို့ မအားဘူး ထင်နေခဲ့တာ အခုကျ

" သွားတွေ့ချင်လား ?"

ဂျွန်က မေးတော့ သူခေါင်းလဲမညိတ်မိသလိုခေါင်းလဲ မခါမိ။

" ဘယ်သူ ၀င်တိုက်လဲ သိလား ?"

"ဟင့် "

ဂျွန်ရဲ့ မေး‌ခွန်းကြောင့် ဂျီမင် ဂျွန့်မျက်နှာကိုကြည့်လိုက်သည်။   ဂျွန်မျက်လုံးတွေက ဟင့်အင်း မဟုတ်ဘူး မဖြစ်နိုင်ဘူး ...

/
/

အတန်းချိန်တောင်မတက်ပဲ သူဒီနေ့ အိမ်ကို အမြန်ပြန်ခဲ့သည်။ အခန်းထဲမှာပဲ ရှိနေတဲ့ ပါးပါးကို သူသွားတွေ့တော့  စာပွဲပေါ်မှာ laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ သူ့အဖေ

Fools ... ( Complete)Where stories live. Discover now