Chapter-623-အိမ်နီးချင်းများ

Start from the beginning
                                    

တုံ့ယွီမှထွက်သည့်အခါ သူတို့အားလုံး မြို့သို့
ပြန်ရောက်လာကြသည်။

ယူရှောင်းမိုအဆင့်လေးကို ရောက်နေပြီဖြစ်တာကို
မြင်ရတော့ ဖူချန်ချုံးက ဝမ်းသာနေလေသည်။
ယခုလက်ရှိတွင် သံသရာဆေးလုံးအတွက်
လိုအပ်သည့်ပါဝင်ပစ္စည်းများအား သူစုဆောင်းပြီးပြီ
ဖြစ်ပြီး လိုလိုမယ်မယ် ငါးစုံစာပြင်ထားခဲ့သည်။
ကံမကောင်းသည်မှာ အခြေအနေကသိပ်ကောင်း
မနေဘဲ သုံးစုံကသုံးလို့ကုန်သွားပြီဖြစ်သည်။

သံသရာဆေးလုံးဖော်စပ်နည်းကို ယူရှောင်းမိုက
ဖူချန်ချုံးအား ပေးထားပြီးပြီဖြစ်သည်။
သူ၏အငယ်ဆုံးတပည့်လေးအား တတ်နိုင်သမျှ
မြန်မြန်ကုသပေးရန်အတွက် သံသရာဆေးလုံး
ရရှိနိုင်ရန် ဖူချန်ချုံးသည် ချန်မဟာမိတ်၏
အဆင့်ခြောက်မှော်ဆရာတစ်ဦးဆီမှာ
အကူအညီတောင်းခဲ့၏။ သို့ပေမဲ့ သုံးကြိမ်ထိ
မအောင်မြင်သေးပေ။

ရှေးခေတ်မှ ပျောက်ဆုံးလျက်ရှိသော
ဆေးဖော်စပ်နည်းများက ယခုလက်ရှိ
ဖော်စပ်နည်းများနှင့် လွန်စွာမှကွဲပြားသည်။
မှော်ဆရာ၏ဝိဉာဉ်စွမ်းအားနှင့် ပတ်သက်လျှင်
၎င်းတို့က လိုအပ်ချက်အလွန်မြင့်မားပြီး
လိုအပ်ချက်နှင့်မကိုက်ညီသူများအား
ငြင်းပယ်တတ်ကြ၍ ကျရှုံးဖို့အလွန်လွယ်ကူသည်။
အသုံးပြုဖို့အတွက် မှော်ဆေးပင်များစွာမရှိပါက
သံသရာဆေးလုံးတစ်လုံးဖော်စပ်ဖို့ နည်းနည်းမှ
လွယ်ကူမည်မဟုတ်ပေ။

ရွေးချယ်စရာမရှိသဖြင့် ဖူချန်ချုံးမှာ
မျှော်လင့်ချက်အားလုံးကို ယူရှောင်းမိုပေါ်ပဲ
ပုံအပ်ထားရပြီး သိပ်မကြာခင်မှာ သူ
အဆင့်ခြောက်ကို​ရောက်ဖို့ပဲ
မျှော်လင့်ရလေတော့သည်။

ယူရှောင်းမိုကတော့ လိုအပ်သည့်ပစ္စည်းများအတွက်
မပူပေ၊ သံသရာဆေးလုံးအတွက်လိုအပ်သည့်
ဆေးပင်များ၏မျိုးစေ့များ သူ့မှာရှိနေပြီဖြစ်သည်။
သူတို့လိုအပ်တာထက်ပင် ပိုသေးသည်၊ ယခု
သူလုပ်ရမှာက သူ့စွမ်းအားကိုတိုးမြှင့်ဖို့သာ
ရှိတော့သည်။

ထို့နောက်တွင် ယူရှောင်းမိုနှင့်လင်းရှောင်တို့သည်
မြို့တွင် ချန်မဟာမိတ်နှင့်လမ်းခွဲခဲ့၏။ သူတို့က
တောင်ပိုင်းတိုက်မကြီးကိုပြန်သွားဖို့ စိတ်ကူးမရှိပေ။
ယူကျွင်းချီကတော့ သူ့သားနှင့်မခွဲချင်၍
ဘာပဲဖြစ်ပါ​စေ ချန်မဟာမိတ်နှင့်ပြန်လိုက်ဖို့
ငြင်းနေလေသည်။ သို့ဖြစ်၍ ယူရှောင်းမိုမှာ
ရွေးစရာမရှိဘဲ သူ့အားနေခွင့်ပြုလိုက်ရ၏။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now