"ဘာမှပူမနေနဲ့ ဒီအခြေနေထိတောင် ဖြတ်သန်းလာပြီပဲ ဒီမှာပဲမွေးနော် အစ်မအဆင်သင့်ပြင်ထားပေးမယ် ဟုတ်ပလား တွေးမနေနဲ့နော် စိတ်ညစ်စရာတွေတွေးရင် ဗိုက်ဗိုက်ထဲက ကလေးလေးက မျက်လုံးမှေးတယ်တဲ့နော် ကြည့်လုပ် "
"ဟင်.....ဟုတ်လား ကျွန်တော်မသိဘူး ဟုတ် ဟုတ်"
သက်သက်ပြောလိုက်မှာ တအံ့တသြနှင့် တဟုတ်ဟုတ် လုပ်နေပြန်သည်။ မျက်နှာလေးက ခုမှရွှင်လန်းလာသလို။မိမိက ပါးစပ်ထဲရှိရာ ပြောလိုက်ပေမဲ့ ဒီဗိုက်ဗိုက် လေးက အမှန်ထင်သွားသည့်ပုံ။ လိမ်တဲ့ညာတဲ့အလုပ်က မကောင်းပေမဲ့ ဒီဗိုက်ဗိုက်လေး အတွက်တော့ သက်သက်လိမ်နေဦးမှာ။ ကလေးကို ခုတုံးလုပ်ပြီး အကျပ်ကိုင်နေရဦးမှာ။
ရင်သွေးလွယ်ထားရတဲ့ မိခင်တိုင်းကတော့ ဒီလိုပဲနေမှာ။သက်သက်ကတော့ ကိုယ်ဝန်မဆောင်ဖူးလို့မသိ။ မမြင်ရသေးတဲ့ သားသမီးအတွက်တောင် ခုလိုဖြစ်နေတာ။ မွေးများပြီးရင်တော့ ဘယ်လိုများလာမည်မသိ။ သူကိုယ်တိုင် ဝမ်းနဲ့လွယ်ပြီး မွေးလာတဲ့ကလေးကို သူဘယ်လိုပြုစုပျိုးထောင်ပေးမလဲ သိချင်လိုက်တာ။
"ကံတရားနဲ့ အစ်မတို့အားလုံး ငါ့မောင်ဘက်မှာရှိနေမယ် မပူနဲ့"
"ဟုတ်ကဲ့ပါ အစ်မသက် ကျေးဇူးပါ"
**ကံတရားက မောင့်ဘက်မှာရှိနေပေမဲ့ မောင့်မြတ်နိုးရာ လေးကတော့ မောင့်ဘက်မှာ ရှိမနေခဲ့ဘူး**
သို့ပေမဲ့ ကြိုးစားပြီး မောင့်ကိုယ်ပွားလေးကို ဃဃလေးအတွက် ချန်ရစ်ခဲ့မှာပါ။
အဲဒိညက ပြောပြဖို့ကြိုးစားခဲ့ပေမဲ့ အရာမထင်ခဲ့။မလိုအပ်ဘူးဆိုတဲ့ အရာတစ်ခုကို ယန္တရာမပေးချင်ပါ။နောက်ပြီး နေ့ရက်တွေ လက်ချိုးကာ ရေတွက်ပြနေတဲ့ ဃဃလေးကို လည်း ဆွဲမထားချင်ခဲ့။ထို့ကြောင့် ကစားပွဲမှအချိန်မစေ့ခင် နှုတ်ထွက်ပြီး အရှုံးပေးခဲ့တာ။
**မောင် အမြတ်နိုးရဆုံး သော တစ်စုံတစ်ယောက်အတွက် လိုအပ်ရင်အနီးဆုံးမှာ ရှိပေးပြီး မလိုအပ်ရင် ကွယ်ပျောက် သွားပေးမဲ့ လမင်းလေးပါ**
နေ့ဘက်မှာ နေ့အလင်းရောင်ကြောင့် လမင်း၏ အလင်းကို မလိုအပ်ပေမဲ့ ညဘက်ရောက်ရင်တော့ လမင်း၏ အလင်းရောင်က သေချာပေါက်လိုအပ်မှာပါ။ အကယ်၍ လမိုက်ရက်ရောက်ရင်တော့ အလင်း မီးအိမ်လေးက အနားမှာ အဖော်ပြုပါလိမ့်မယ်။
ST-38
Start from the beginning