ဤအတွေးစကို ဟန်ရှောင့်စိတ်ထဲ တွေးလိုက်မိသည်နှင့် သူမ၏စီအီးအိုလျှိုသည် ရေများကို အောက်သို့ လောင်းချပစ်လိုက်သည်ကို သူမ တွေ့လိုက်ရသည်။

“ အား! ”
ယဲ့ဖုန်း နာကျင်စွာဖြင့် အော်ဟစ်နေခဲ့သည်။ ထိုရေပူအားလုံးသည် သူ့အပေါ်သို့ မကျခဲ့သော်လည်း တစ်ဝက်လောက်သည်တော့ သူ၏မျက်နှာနှင့် လက်များအပေါ်သို့ ကောင်းကောင်းကြီး ကျလာခဲ့ခြင်းဖြစ်သည်။
သူ၏အသားအရေသည် ချက်ချင်းပင် အနီရောင်သို့ ပြောင်းသွားတော့သည်။
လွန်ခဲ့သော တစ်မိနစ်ခန့်က တောက်ပကာ လှပနေခဲ့သော နှင်းဆီပန်းများသည်လည်း ယခုရေနွေးများကြောင့် နွမ်းဖတ်သွားတော့၏။

ဟန်ရှောင် : “ … ” စီအီးအိုလျှို အဆင်ပြေရဲ့လား??
ဟင့်အင်း. . . ငါ လောင်းလိုက်တဲ့ရေကြောင့် ယဲ့ဖုန်းဆိုတဲ့ကောင် သေသွားမှာလား??

ဟန်ရှောင်သည် လသာဆောင်၏လက်ရန်းကို ကိုင်ကာ အောက်သို့ အမြန်ငုံ့ကြည့်လိုက်သည်။
  
ရေသည် ပွက်ပွက်ဆူနေသောရေ မဟုတ်ပေ။ ထို့ပြင် ကြားထဲတွင် မနီးလွန်းသော အကွာအဝေးတစ်ခု ရှိနေသောကြောင့် ယဲ့ဖုန်းဆီသို့ရောက်သွားချိန်၌ အပူချိန်မှာ အနည်းငယ်လောက်လျော့သွားပြီဖြစ်သည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်သည် နီရဲကာ ရောင်ယမ်းနေခြင်းကလွဲ၍ ကိစ္စကြီးကြီးမားမား ဖြစ်မသွားပုံရသည်။

ထို့နောက်မှ ဟန်ရှောင်လည်း သက်ပြင်းချနိုင်တော့သည်။
ယဲ့ဖုန်းသည် သူ၏မျက်နှာကို လက်ဖြင့် ဖုံးအုပ်ကာ ဒေါသအပြည့်ဖြင့် အပေါ်ထပ်ရှိလူများကို စိုက်ကြည့်နေသည်။ အခု သူ့မှာ ဘာမှမရှိတော့တာတောင် ငါ့ကို ရန်လုပ်နိုင်နေသေးတယ်!!

လျှိုရှန့်ကော. . .မင်း စောင့်နေလိုက်!
နောက်တော့မှ မင်း အိပ်ရာပေါ်မှာ လူးလိမ့်ပြီး မင်းကို စိတ်ကျေနပ်အောင်လုပ်ပေးဖို့ ငါ့ကို ပြန်တောင်းပန်ရမယ်!
ယဲ့ဖုန်းသည် သူ၏စိတ်တွင်းရှိ စကားများကို တစ်လုံးမှတောင် မပြောရသေးခင် ဘေးမှ အစောင့်အဖွဲ့တစ်ခုရောက်လာပြီး သူ့ကို ဝိုင်းရံထားကြတော့သည်။

“ ဆရာ. . .  တစ်ယောက်ယောက်က ခင်ဗျားက သူတို့ကို နှောင့်ယှက်နေပါတယ်လို့ တိုင်တန်းခဲ့ပါတယ်။ ကျေးဇူးပြုပြီး ဒီကနေ ထွက်သွားပေးပါ ”  အစောင့်များသည် ကောင်းစွာ လေ့ကျင့်ထားသော အသံနေအသံထားဖြင့် ပြောကြားခဲ့သည်။

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Där berättelser lever. Upptäck nu