34.2 [You must called him Papa]

En başından başla
                                    

"လွှတ်"

ချန်ရှုက အေးစက်စွာ မျက်နှာကို မော့ထားပြီး သူ့အသံမှာ နွေးထွေးမှုအရိပ်အမြွက် မပါရှိဘူး။

ထုန်ကျရှီရဲ့ခန္ဓာကိုယ်သည် မသိစိတ်တွင် တုန်ခါနေပြီး သူ့လက်က အစကလို မတင်းကျပ်တော့တာကြောင့် ချန်ရှု သူ့လက်မှ လွတ်မြောက်သွားသည်။

"မင်းလက် ထပ်မသုံးနဲ့"

ချန်ရှုက သတိပေးလိုက်ပြီး ဘေးကို လှည့်လိုက်သည်။

ထုန်ကျရှီက သူ့နှုတ်ခမ်းတွေကို မျဉ်းတစ်ဖြောင့်ထဲဖြစ်အောင် ဖိထားပြီး မျက်ခွံတွေကိုလှန်လိုက်ကာ ချန်ရှုကိုယ်ကို အပေါ်အောက်ကြည့်လိုက်တယ်။ စင်္ကြံ မီးရောင်အောက်တွင် ချန်ရှုသည် အနည်းငယ် ခေါင်းမာနေပြီး မှောင်နေတာကြောင့် အတိုချုပ်ပြောရလျှင် ဒီလိုပုံစံက လူကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေတယ်။

"မင်းက အန်ကယ်စစ်နဲ့ မတန်ဘူး!"

ထုန်ကျရှီ လက်သီးဆုပ်ကာ မျက်မှောင်ကြုတ်ပြီး ချန်ရှုကို ပြောလိုက်သည်။

ချန်ရှုရဲ့ အဖြူနဲ့အမည်း ရောနေတဲ့မျက်လုံးများတွင် မထီမဲ့မြင်အပြုံးတစ်ခု တောက်ပလာကာ

"ငါက အန်ကယ်နဲ့ မတန်ဘူးဆိုရင် ဘယ်သူကတန်တာလဲ? မင်းလား"

ချန်ရှုအမူအရာက မောက်မာကာ ယုံကြည်ချက်ရှိနေတာကြောင့် ထုန်ကျရှီ အသက်ရှူမဝသလို ခံစားရပြီး အသက်ရှုရပ်မတတ်ဖြစ်သွားတယ်။သူ့ရဲ့ နူးညံ့တဲ့မျက်နှာက ရုတ်တရက် ဖျော့တော့သွားပြီး

"မင်းက ငါ့ရှေ့မှာပဲ မာနကြီးရဲတာပါ။အန်ကယ်စစ်ရဲ့နှလုံးသားထဲမှာ တစ်စုံတစ်ယောက်ရှိနေပြီသားဆိုတာ ငါသိတယ်။မင်းက အစားထိုးခံထားရတာ။ဒါကို ဘာမှနားမလည်ဘဲ မင်းကကျေနပ်နေတယ်။ချန်ရှု မင်းတကယ့်ကို သနားစရာကောင်းတာပဲ"

ထုန်ကျရှီရဲ့စကားထဲမှာ များပြားတဲ့ ထေ့ငေါ့မှုတွေ အပြည့်ပါတယ်။ ချန်ရှုမျက်နှာကို ထိတ်လန့်တကြားနဲ့မြင်ရဖို့ သူမျှော်လင့်နေလိုက်တယ်။ ကံမကောင်းစွာပဲ ချန်ရှုက သူစီစဉ်ထားတဲ့အတိုင်းမဖြစ်လာခဲ့ပေ။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Hikayelerin yaşadığı yer. Şimdi keşfedin