"ဟင့်....ဟုတ်လား ....အခုကော့ "

သူမရှိရင် စိတ်ဆိုးစိတ်ကောက်မိပေမဲ့ သူ့မျက်နှာကိုမြင်လိုက်ရတဲ့ အချိန်မှာ ထိုအရာတွေက မြူတစ်မှုန်လောက်တောင် ရှိမနေတော့တာလဲ ဒီကကောင်ရဲ့ အားနည်းချက် ဟူး......သူလေးကြောင့် ခက်ရချည်ရဲ့

"စိတ်မဆိုးနဲ့ ငါမင်အတွက် မွေးနေ့လက်ဆောင် သီချင်းဆိုပေးမယ် "

"တကယ် "

သူ့ရဲ့ ချိုမြိန်တဲ့ အသံလေးနဲ့ သီချင်းဆိုတာကို ကြားဖူးချင်တယ်လို့ Ed Sheeran concert မှာတုန်းက ပြောဖူးတယ်။ ကြည့် အဲ့တာကို မှတ်ထားတာ !

"ငါ့ရဲ့တစ်ဦးတည်းသောချစ်ရသူလေး မင်းအတွက်ပဲ ဆိုပေးမှာ ကြိုက်လား လက်ဆောင်ကို "

"မကြိုက်ဘူးလို့ ပြောရင် ဒီကကောင်က ရူးနေလို့ပဲ "

ထယ်ယောင်းစကားကြောင့် ဂျီမင် တသောသောထရီလေသည်။ နောက်ပြီး သူ့နားလာဖို့ လက်ပြခေါ်တယ်။ သူလဲ ဂျီမင်နားမှာ သွားထိုင်ရင်း ဂျီမင်ကို မျက်တောင်မခတ် ကြည့်နေလေသည်။ ဒီမျက်နှာ ဒီမျက်ခုံး ဒီအပြုံးတွေက သူ့အတွက်ဘယ်‌တော့မှ
မရိုးနိုင်တဲ့ အရာတွေ

ဂျီမင်ဆိုပြနေတဲ့တစ်ချိန်လုံး သူလိုက်ကြည့်နေမိတာ နှုတ်ခမ်းအလှုပ်လေးတွေ မျက်တောင်မှေးစင်းထားတာက အစ သီချင်းဆိုနေလို့ အသက်ခိုးရှူလိုက်ပုံကအစ သက်ရှိ ပန်းချီကားတစ်ချပ်လို

"ကြိုက်လား ?"

"အင်း "

ဒီလူမှာ ကြွေနေတာလဲမင်းသိဖို့ ကောင်းပါရဲ့

"အဟီး ငါကီးတွေ မှားနေတာကို "

တစ်ချက်တစ်ချက် ဆိုလိုက်ရင် ယိုင်ယိုင်သွားတာ ကီးမှားသွားတာ သီချင်းစာသား မှားတာ ရှိပေမဲ့ သူချစ်ရနဲ့သူက သူ့ကို ရည်ရွယ်ပြီးဆိုပြနေတာလေးနဲ့တင် ဘယ်အမှားအယွင်းများ မြင်နိုင်မှာတဲ့တုန်း !

" Happy birthdayပါ ထယ်ယောင်း "

သူ့မျက်နှာရှေ့ ကိတ်လေး ထိုးပြရင်း မွေးနေ့ဆုတောင်းပေးတယ်။ ကိတ်ကလဲ အသေးစားလေး နှစ်ယောက်သားအတွက်သာ

"ကိတ်ကလဲ ကြီးလိုက်တာ "

ထယ်ယောင်းရွှဲ့ပြောတာကို သိပေမဲ့ ဂျီမင် နှာခေါင်းလေး တစ်ချက်တွန့်ရင်း

Fools ... ( Complete)Donde viven las historias. Descúbrelo ahora