"နည်းနည်းပါ"

"ငါ့ကို ဆင်ခြေဆင်လက်တွေ ပေးမနေနဲ့ ဆေးထိုးမှရမှာ ဟိုဘက်လှည့်"

မဟာ ပုလင်းထဲမှဆေးကို ပိုက်ဖြင့်စုပ်ယူပြီး ဆေးထိုးပေးရန်ပြင်လိုက်သည်။ ဒီကောင်လေးက ဆေးသောက်ကြောက်သည့်အပြင်ဆေးထိုးပါ ကြောက်မည့်ပုံ။

"ထိုးပြီနော် စိတ်ကိုလျှော့ထား"

မဟာဆေးထိုးအပ်ကို သူ့အသားထဲ အသာအယာပဲ ထိုးသွင်းလိုက်သည်။ မဟာဆေးထိုးတာကို ကလေးငယ်ငယ်လေးတွေတောင် ခံနိုင်သည်။ တချက်လေးမျှမငိုကြ ၊ ဒီကောင်လေးကျမှ..။

"အင့်.... "

"မနာဘူး ခဏလေးရယ်"

"ကိုယ်နဲ့လက်ထပ်ပေးပါ"

ကြားလိုက်ရသည့်စကားကြောင့် ထိုးလက်စအပ်ပင် ဆွဲမထုတ်နိုင်ပဲ ထိုကောင်လေးနဲ့ဝေးရာကို ပြေးထွက်ခဲ့မိသည်။ဒါ ...ဒါက အရောဝင်လို့အရိုသေတန်တာလား။ မိမိက စေတနာနဲ့ ခုလိုဂရုစိုက်ပေးတာကို ဒင်းက တစ်လွဲတွေးနေပုံရသည်။ခုလိုမျိုးတော့ အဖြစ်မခံနိုင် ရှင်းမှရတော့မည်။ မဟာ့နောက်ကျောမှခေါ်သံကြောင့် မျက်နှာထားကိုတင်းကာ လက်သီးကို တင်းတင်းဆုပ်ပြီး လှည့်ကြည့်လိုက်သည်။

"ခဏနေပါဦး"

.....ခွပ်....ခွပ်....ခွပ်.....ခွပ်....

မဟာ ထိုကောင်လေးမျက်နှာကို စိတ်ရှိသလောက်ထိုးပစ်လိုက်သည်။ဒင်းကအသားနာမှမှတ်မှာ။ မဟာ့လိုလူမျိုးကို ပြောချင်သလိုပြော ၊ ပြုမူချင်တိုင်းပြုမူရအောင် သူ့ထက်ငယ်ငယ်လေးမဟုတ်။ ပြောလိုက်တဲ့စကားကလည်း မိမိဂုဏ်သိက္ခာကို ထိပါးနေသည်မို့ မဟာ့အကြောင်း သိအောင်တော့ ပြောရတော့မည်။

"မင်း.......ငါသတ်ရင်သေတော့မယ်......
တောက်....."

မဟာ မိမိ လက်စကိုသိသူမို့ ရပ်ပစ်လိုက်ရသည်။ မဟုတ်လျင် ဒီကောင်လေး အတွက်မလွယ်။ ခုတောင်မျက်နှာတစ်ခုလုံး ရစရာမရှိအောင် စုတ်ပြတ်နေပြီ။

"မင်းနဲ့ငါ ဘာမှ ပြောစရာမရှိဘူး ငါက မင်းလိုအခြောက်မဟုတ်ဘူး ငါ့မှာမိန်းမလည်းရှိတယ် ၊ စနေတယ်ဆိုလဲ ဒီနေရာမှာရပ်လိုက်တော့ ၊ ငါမင်းကို ညီလေးတယောက်လိုပဲ ချစ်တယ်၊ မင်းတသက်လုံးမှတ်ထားရမှာက မင်းက ငါ့ရဲ့ လက်တွဲဖော် လုံးဝမဖြစ်နိုင်ဘူး ဆိုတာပဲ ၊နောက်ပြီး ငါ့လက်တွဲဖော်က မိန်းမတယောက်ပဲ ဖြစ်ရမယ်"

"မျှော်လင့်မထားခဲ့သော" [ Completed ]Dove le storie prendono vita. Scoprilo ora