Extra-2
2.4K 147 4
Zawgyi
"ဥဥ...မီးမီး..မီးမီးကိုချစ်နား...ချစ်နား"
"ချစ်ပါ့ဗျာ...ဟောဒီက ကလေးမလေးကို ချစ်ပါ့"
"ဟိုဥဥ..ဟိုဥဥကိုရော ချစ်နား"
"အယ်..."
လက်ညိုးပိစိလေး ထိုးပြပြီးမေးနေတာက ဆိုင်ကယ်ကို ရေတွင်းချပြီး ဆေးနေတဲ့ မောင့်ကို။မောင်နဲ့ဆို တစ်စက်မှမတည့်။မောင့်ကို တွေ့ပြီဆို ပိစိလေးကလည်း စွာတာစွာတာ။ဒါ နင့်ဥဥလား နာ့ဥဥ နာ့ဥဥ နဲ့ မပီကလာ အသံနဲ့ တွေ့တိုင်းပြော။စကားကတတ်ခါစ မပီတဲ့ အရွယ်ဆိုတော့ စကားသံလေးတွေက ချစ်ဖို့်ကောင်းသောပဲ။
ကလေးက မောင်တို့တူမလေး။ဝမ်းကွဲအစ်ကိုရဲ့ သမီးလေး။တစ်နှစ်ခွဲ နှစ်နှစ်လောက် ရှိပြီ။သူ့မိန်းမအမျိုးတွေဆီလိုက်လည်ရင်း ဒီကို ရောက်နေတာ တစ်ပတ်လောက်ရှိပြီ။တည်းတာကတော့ အမေတို့အိမ်။
"ချစ်ဘူးရို့ ကြောလိုက်.... ချစ်ဘူးရို့"
"ဟဲ့ ကောင်မ...ဒါ ငါ့ယောက်ျားကွ...နင့်ထက်ငါ့ကိုချစ်တယ်တဲ့...ပြန်မေးကြည့်လိုက်စမ်း"
"ဟုတ်နေဝူး..."
"ပြောလိုက်စမ်း မီးမီး...သူ့ကို ချစ်ဘူးနော်...နော် "
"ဟုတ်ရယ် ဟုတ်ရယ်...ခိခိ"
"ကြည့်စမ်းပါဦးဗျာ သွားတွေက တစ်ခြမ်းတောင် မကျန်တော့ပါဘူး...အမကြီးက ချိုချိုတွေ မစို့နဲ့တော့...ကြာရင် သွားပိစိလေးတွေက ပဲ့ရတာနဲ့ ကျန်တော့မှာမဟုတ်ဘူး...အချိုကြိုက်တာလေးလည်း လျှော့ပါဦးဗျာ"
အကုန်နားလည်သေးမှာတော့မဟုတ်ပေမယ့် နည်းနည်းတော့ နားလည်ပြီကြောင့် သူ့ကို နို့မစို့နဲ့တော့ ပြောလိုက်တာကို အံမယ် ဆရာမက မျက်စိထောင့်ကပ်ကြည့်တာဗျာ။ဩော...မျက်စိထောင့်ကပ်ကြည့်တယ်ဆိုလို့ သင်တာ သူများမဟုတ်ဘူး။သူ့ဦးလေး အရင်းခေါက်ခေါက်က သင်ထားတာ။ဆရာမကလည်း တစ်ခါသင်နှင့် တတ်ပဲ။အဲ့ကတည်းက သူများ တစ်ခုခု သဘောမကျဘူးဆို အဲ့လိုကြည့်ပုံနှင့်ကြည့်တော့တာပဲ။
"ဟားဟား...ပါးကြီးကိုလည်း ကြည့်ဦး...ပဲ့ကျတော့မယ်"
ပါးဖောင်းဖောင်းကစ်ကစ်ကို အသာဆွဲပီးပြောလိုက်တော့မှ မျက်ဆံလေးက နေရာမှန်ပြန်ရောက်တယ်။အတတ်လေး။