3 (Zawgyi) 🖤
2.5K 88 2
🖤 warning အလစ်တဲ​လေးပါမယ်နော် 🖤
မဖတ်ချင်ကျော်သွားကြပါရှင့်။
Ting~~
Internet ဖွင့်ထားပြီး ဟိုကြည့်သည်ကြည့်လုပ်နေစဉ် chat box ကနေ စာဝင်လာတယ်။ပို့တဲ့သူကတော့ ဘယ်သူရှိမလဲ။ဘေးမှာဖုန်းသုံးနေတဲ့ တစ်ဦးတည်းသောကိုကိုဆီက။ကိုကိုဟာ အဆန်းလေးတော့ လုပ်လိုက်ရမှ။
ပို့ပေးသူအလိုကျ ဝင်ကြည့်လိုက်တော့ *ရှူးပေါက်ချင်လို့လိုက်ခဲ့ဦး* တဲ့
ဟား...ဟား
အမလေး ဗုဒ္ဓေါ
ရယ်ချင်ရက်နဲ့ ဘေးလှည့်လိုက်တော့ ကိုကိုရယ်လေ ပေစောင်းစောင်းကြည့်နေတာ။မီးတေကမှိတ်ထားပြီးတော့ အကုန်လုံးအမှောင်ကျနေတဲ့ အခန်းထဲမှာ ဖုန်းမျက်နှာပြင်က အလင်းရောင်ပဲရှိတာမို့ မှောင်မှောင်မဲမဲထဲမှာ ပေစောင်းစောင်းကြည့်နေတဲ့ မျက်နှာပဲမြင်ရတော့ လန့်သွားတယ်လေ။အခုတော့ လန့်တာတေ မလန့်တာတေ အသာထား။
"ကိုကိုက ကြောက်တာလား"
"ခွေးတေ ဟောင်နေတယ်...အူသံတေရော..မကြားဘူးလား"
လေသံလေးနဲ့ပဲ ပြန်ပြောတယ်။ကိုကိုပြောမှပဲ သဲ့သဲ့ပဲကြားရတဲ့ ခွေးအူသံကို သေချာနားထောင်မိသွားတယ်။တစ်စတစ်စနဲ့ နီးလာတာပဲ။
"လာ ထ သွားရအောင်"
ရေအိမ်ရှိရာဆီလိုက်ပို့ပေးပြီးမှ ရေအိမ်ထဲဝင်သွားသူကို စောင့်ရင်း ကိုယ်ကတော့ အပြင်မှာပဲ ကိစ္စရှင်းဖြစ်တယ်။ကိုကိုကတော့  ဘယ်အချိန်ပဲဖြစ်ဖြစ် အပြင်မှာဘယ်တော့မှမသွားဘူး။ညဆိုလည်း တစ်ယောက်တည်း မသွားရဲဘူး။ကိုကိုက သရဲတစ္ဆေ တအားကြောက်တတ်တာ။
"ရေပုံးထဲကနေ လက်တစ်ဖက်ထွက်လာဦးမယ်နော်...သေချာကြည့်ဦး"
သရဲကြောက်တဲ့သူကို စ မိတယ်။
"မောင်နော်...အဲ့လိုမစနဲ့ မကြိုက်ဘူး"
ကျွှီ
မရှိမှန်းလည်းသိရက်နဲ့ အဲ့လိုလေးပြောရင်ကို ကြောက်တတ်တာ။
"ဘယ်အချိန်တည်းကများ အောင့်ထားလိုက်တာလဲဗျာ...နောက်ဆိုအဲ့လိုမအောင့်ထားနဲ့ ဆီးအောင့်နေလိမ့်မယ်"