36 ( Z + U )
2.6K 160 1
Zawgyi
ဒီနေ့တော့ အသုဘ မြေချရမယ့်နေ့။ကိုးနာရီ ထိုးရင် သုဿာန်ကို သွားကြမှာ။အသုဘချလိုက်မယ့် လူတစ်ချို့က ပြင်ဆင်ပေးထားတဲ့ အမိုးအောက်က စားပွဲဝိုင်းတွေမှာ စောင့်နေကြပြီ။
ကိုကို့ အမေရယ် ၊ ညီမလေးရယ် ၊ ကိုကိုရယ်က အိမ်ရှေ့ခန်းက ဦးမြတ်ကျော်စွာ ရဲ့ အလောင်းထားတဲ့ ​နေရာနားမှာ ဝိုင်းထိုင်နေကြတယ်။ခေါင်းရင်းစာ တင်ထားတဲ့ ပန်းကန်လေးလည်း ရှိတယ်။ညီမလေးကတော့ တရှုံ့ရှုံ့နဲ့ ငိုနေတုန်း။အမေကလည်း မျက်ရည်တစမ်းစမ်း။ကိုကိုကတော့ မငိုဘူး။အမေနဲ့ ညီမရှေ့မှာ ကိုယ်က သန်မာပြရမယ်ဆိုပြီး နေနေတာ။သိတာပေါ့ ။
"ကိုကို...ညီမလေး...ကန်တော့လိုက်ကြတော့လေ...ဟိုမှာ စောင့်နေကြပြီ"
အခေါင်းထဲ ရွှေ့ထည့်ဖို့ လူကြီး လေးယောက်လောက်က စောင့်နေကြတော့ ကိုယ်က ဘေးက ပြောပေးရတယ်။
ပြောလိုက်ခါကျမှ ကန်တော့ကြတယ်။ကိုးနာရီထိုးတော့မယ်ဆိုတာ မေ့နေကြပုံရတယ်။
"ရပြီ...ထည့်လိုက်ကြတော့"
ဖခင် အလောင်းကို အခေါင်းထဲ ထည့်ဖို့ မှာခဲ့ပြီး အပြင်ထွက်သွားလေတယ်။မကြာ ကြေးစည်တီးသံ စကြားရပြီ။အသုဘ ချတော့မည်။ကားတစ်စီးပေါ်က ထွက်ပေါ်လာတဲ့ ဓမ္မစကြာင်္ရွတ်သံ။ရင်ထဲမှာ လှိုက်ခနဲ။
ထိုအချိန်မှာပဲ အမေနဲ့ ညီမလေးက တစ်ယောက်နဲ့ တစ်ယောက်တွဲရင်း အိမ်ပြင်ကိုသွားကြပြီ။
"အစ်ကို အဆင်ပြေတယ်မလား..."
"ရတယ် ညီလေး...ရှေ့ကိုသာသွား"
"ဟုတ်ကဲ့"
တန်းစီတဲ့သူက တန်းစီ ပြီး စုနေကြတဲ့ လူကြားထဲ ဝေ့ဝဲရှာမိတော့ ကိုကိုက အဖေ့အခေါင်းတင်တဲ့ ကားနားမှာရပ်နေတယ်။ဘေးမှာ အမေရော ညီမလေးရော။
"ကိုကိုတို့...ဒီကားပေါ်က လိုက်မှာလား"
"အင်း..."
"ဒါဆို...အမေနဲ့ ညီမလေးက အရင်တက်နှင့်လိုက်လေ"
အမေတို့ တက်သွားပြီးတော့မှ
"တက်တော့"
နောက်ဆုံးနားမှာ ဝင်ထိုင်ပေးလိုက်တယ်။ကားနောက်က အခေါင်းတင်ထားတဲ့ ဘေးမှာ တန်းစီထိုင်နေကြတဲ့ အနေအထား။ကားပေါ်မှာလည်း တခြားသူတွေရောပါတယ်။