15 (Unicode)
2.4K 150 8
"အိုကေ အိုကေ...ဒီနေ့တော့မလာနိုင်သေးဘူးနော်...မနက်ဖြန်မှထွက်ခဲ့တော့မယ်ကွာ..နော်"
". ............"
"စိတ္ခ်ကြာ...နော်..."
". ..........."
ညကအရှိန်ကြောင့် မနက်စောစော မထနိုင်တဲ့မောင်။ဖုန်းသံကြားမှ နိုးလာပေမယ့် ကြည်ကြည်လင်လင်ရှိနေလိုက်တာ။အခန်းထဲက အိပ်ယာထဲကဘမထွက်ရသေးဘူး သူ့ရဲ့နောက်တစ်ယောက်က ဖုန်းဆက်နေပြီ။
မီးဖိုချောင်ထဲကနေဆိုတော့ အတိုင်းသားကြားနေရတယ်။
ဂလွမ် လွမ်
မကြားချင်ဘူးမောင်ရယ်။အဲ့အသံတေကြားရတာထက် အိုးခွက်ကျသံတေကြားရတာကပဲ တော်သေးတယ်။ခူးလက်စ ထမင်းအိုးဖုံးကို လွှတ်ချလိုက်တာက ခနေတာ့ ဆူညံသွားစေတယ်မလား။
"ဘာတေလွတ်ကျနေရတာလဲကိုကို...ဟင်"
"ဖယ်ပါမောင်ရယ်...မျက်နှာသွားသစ်ချေတော့...ထမင်းခူးထားတယ်...ငါကစားနှင့်တော့မယ်"
နောက်ကနေ ခါးဆီလက်လျှိုသွင်းပြီး ပုခုံးပေါ်မေးတင်လာတဲ့မောင်။လည်ပင်းနားမှာ တရံှု့ရံှု့နှင့်။
"မစောင့်တော့ဘူးလား..."
"အင်း...ငါဗိုက်ဆာနေပြီမလို့...သြားပါ...ခေါင်းကိုက်နေတယ်မလား..မျက်နှာသစ်တော့"
"အင်း....."
ဘယ်လိုလုပ်မလဲ။ဘယ်လိုလုပ်ရမလဲ။မောင်က ဒီလောက်ချစ်စရာကောင်းနေတာကို။မလုပ်သင့်တဲ့ကိစ္စကိုမှ လုပ်ရတယ်လို့။မောင်က ဆိုးပြီးရင်းကို ဆိုးနေတော့တာပဲ။
"မြန်မြန်မျက်နှာသစ်ပြီးထမင်းစားတော့..."
ထမင်းစားပွဲကို ဝင်ထိုင်လိုက်တော့မှ ဆင်းသွားတယ်။ငါ့ကို ပြောစရာဘာမှမရှိဘူးလား မောင်။ဖြေရှင်းစရာတေ ပြောစရာတေ မောင့်မှာ ဆိတ်သုဉ်းနေသလား။ဒါမှမဟုတ်...မလိုဘူးလို့များ မွတ္ထားသလား။
"ဘာဟင်းတေ ခ်က္ထားသလဲဗ်ာ"
"ထိုင်"
မျက်နှာသစ်ပြီး ပုဆိုးစနှင့်ပဲ မျက်နှာသုတ်ပြီး ဝင်ထိုင်လာတယ်။ဟင်းက ဘာမွမွ ချက်ချင်စိတ်မရှိတာ။