27 ( Z + U ))
2.9K 183 6
Zawgyi
"ဟိတ်ကောင်တွေ"
အိစ်
ပူးကပ်နေရာက အမြန်ခွာလိုက်ကြတော့ မျက်နှာတေနီတဲ့ သူကနီ ၊ချောင်းတေ ဆိုးတဲ့သူကဆိုး ၊ကပျာကယာ ဘေးနားတေဆင်းထိုင်နဲ့ ဒီကောင်တေ တကယ့်ကောင်တေ။အိမ်အောက် လေးဘက်လေးလံက အတိုင်းသား မြင်နေရတဲ့ နေရာမှာ ဒီလိုလုပ်နိုင်တာ တော်ရုံတော့ မဟုတ်ဘူး။တော်တော်ဆိုးနေတာ ။သားကလည်း တော်တော်ဆိုးတယ်။သားမက်ကလည်း တော်တော်ဆိုးတယ်။သားမက်ဖြစ်တဲ့သူကလည်း သူက အကြီးမလို့ တားမယ်မရှိဘူး။တကယ်ကို ကဲကဲသည်းသည်းတွေ။ကိုယ်မြင်တာ အကြောင်းမဟုတ် ဘေးခြံကအိမ်က ကွက်ကြည့်ကွက်ကြည့်လုပ်နေပြီဆိုတာ မသိကြဘူး။အခုခေတ်ကလေးတွေ လွယ်ကိုမလွယ်ပါဘူး။
"ထိုင်ဦး.. အဟွတ်...အဖေ့"
"အင်း"
ရှေ့တည့်တည့် မြင်နေရတဲ့ ခေါင်းနှစ်လုံး။ခေါင်းနှစ်လုံးဆို မျက်နှာမှ မဖော်ကြတော့တာ။ခေါင်းပဲ ငုံ့နေတော့ ခေါင်းနှစ်လုံးပဲ မြင်နေရတယ်။
"ညကျရင် အိမ်လာခဲ့ကြဦး...နှစ်ယောက်လုံး မင်းတို့အမေခေါ်ခိုင်းလိုက်တာ"
မဖြေကြ။
"ကြားလားလို့... "
"ဟုတ် ဟုတ် ကြားတယ် အဖေ...ကြားတယ်"
"လာခဲ့မယ် အဖေ...လာခဲ့မယ်"
"အင်း...အနေအထိုင်လည်း ဆင်ခြင်ကြဦး...ပတ်ဝန်းကျင်ရှိသေးတယ်"
"ဟုတ်"
"အေ...သွားပြီ"
"ဟုတ်ကဲ့ အဖေ...ဂရုစိုက်သွားဦး..ဟီး"
တကတည်းမှာ။မနက်စောစောစီးစီး မညွန့်ကြည်က သားမက်ဖြစ်တဲ့သူ အိမ်ပြန်သွားပြီ ဖုန်းဆက်ထားလို့ ကိုယ်က သူတို့နှစ်ယောက်အတူရှိနေမှန်းက သိတယ်။ဒီလောက်ထိ ပြေလည်နေမယ်က မထင်တာ။ဘယ်ဟုတ်မလဲ သူတို့နှစ်ယောက်က ပြေလည်လိုက်တာမှ လွန်ရော။
ကိုယ့်သားကလည်း လက်သွက် ခြေသွက် အကုန်သွက်။သွက်တာကို အခြေအနေကြည့်သွက်လေ။အခုတော့ လမ်းလယ်ခေါင်ကြီး မဟုတ်လို့ ကျေးဇူးတောင်တင်ရမလိုလို။