31 ( Z + U )
2.5K 168 4
Zawgyi
"ကိုကို့..."
အနားမှာရှိနေတဲ့ သုံးယောက်လုံး အံ့အားသင့်သွားဖို့လုံလောက်တဲ့ အကြောင်းတရားမှာ​တော့
"အင့်...ကျွန်တော်..ကျွန်တော့်ကိုခွင့်မလွှတ်ပါနဲ့.. အင့်"
ဒေါ်ကေသီနွယ် ရှေ့မှာ မြေပြင်ပေါ်ဒူးထောက်ပြီး လက်အုပ်ချီလိုက်တဲ့ ကိုကို။ရှိုက်သံတွေတောင်ထွက်အောင် ငိုနေပြီ။မျက်ရည်တွေက ကျလာနေတုန်း။နဖူးနဲ့ လက်အုပ်ချီထားတဲ့ လက်နှစ်ဖက်ရဲ့ လက်မတွေနဲ့ ထိထားပြီး တောင်းပန်နေတဲ့ကိုကို။
"သား!"
"ကျွန်တော်တောင်းပန်ပါတယ်...အင့်...ကျွန်တော်ပြန်မလိုက်နိုင်ဘူး..အီး..ဟီး"
"ကိုကို့..."
ကိုကို့ကို သားမိုက်ဖြစ်အောင် လုပ်လိုက်မိပြီလား။ကျဉ်းထဲကပ်ထဲ ရောက်နေတဲ့ ကိုကို့ကို အတင်း ဆွဲထားမိသလိုဖြစ်သွားတာလား။အခုလိုဖြစ်နေတဲ့ ကိုကို့ပုံစံကို မကြည့်ချင်ဘူး။မကြည့်နိုင်ဘူး။ပြန်ထည့်လိုက်ရမှာလား။ဒါလုံးဝ မဖြစ်နိုင်တဲ့ ကိစ္စ။ကိုကိုကရော ပြန်လိုက်ချင်ရဲ့သားနဲ့.... ။
"ကိုကိုကြည့်ဦး...ကျွန်တော်ကိုကြည့်"
လက်နှစ်ဖက်ကို အတင်းဖယ်ချပြီး မျက်နှာကို မော့စေရတယ်။မျက်ရည်ကျရတာတွေ များနေပြီ။
"ကိုကို...ပြန်လိုက်သွားချင်လား"
ဖြေလိုက်စမ်းပါ။မလိုက်သွားချင်ဘူးလို့။ကိုကို ဖြေစမ်းပါ။
"ငါ...ငါ.."
"ကိုကို လိုက်ချင်တာလား"
"မင်း မလိုတာကိုလည်း ငါမလုပ်ချင်ဘူး...အင့်"
အခုထိ ဒူးထောက်လျက်သား ကိုကို့ကို တင်းတင်းကျပ်ကျပ် ဆွဲဖက်လိုက်မိတယ်။ကိုကိုမသိတာလား။ကိုကို့အိမ်ပြန်ရောက်သွားရင် ကျွန်တော်တို့နှစ်ယောက် ဘယ်လိုဖြစ်သွားမလဲ ဆိုတာ။
နားလည်ပါတယ် ကိုကိုရဲ့။ကို့ကို့မိဘမို့လို့ ကိုကိုချစ်တယ်ဆိုတာ သိတယ်။ဒါပေမယ့် ဒါပေမယ့်လေ ကိုကိုရဲ့။ကျွန်တော်လည်း ကိုကို့ကို ကိုကို့မိဘတွေထက်မလျော့အောက် ချစ်တယ်လေ။ဝေးရမှာစိုးလို့ ထည့်မပေးလိုက်ချင်တာ ကျွန်တော့ အတ္တပါ။တစ်ထစ်လျှော့ပေးလိုက်လို့ တစ်သက်လုံးဝေးသွားရမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ပထမတစ်ခါ သူတို့လောင်းရိပ်အောက်က ဆွဲထုတ်ခဲ့တဲ့ ကျွန်တော့်ကို ကြည်ဖြူမပေးနိုင်တာက ဖြစ်သင့်တဲ့ ကိစ္စ။