9 (Zawgyi)
1.3K 58 0
"ဒါဆိုရင် ဒီလိုလုပ်လေ...နင်တို့ပစ္စည်းတေကို... ငါတို့အိမ်မှာထားခဲ့လိုက်...နင်တို့ကပြန်..နောက်တစ်ခေါက်နင်တို့ပြန်လာရင် ဒါတေအကုန်နဲ့ ကွက်တိပဲလေ"
တစ်ညလုံး ကားထဲဖြစ်သလို နှစ်ပါးသွားခဲ့ရပြီး မိုးလင်းတော့ ရွာလူကြီးဆိုတဲ့လူက အကျိုးအကြောင်းမေးပြီး သူ့အိမ်ကို လိုက်ခဲ့ဖို့ခေါ်သည်။သူ့အိမ်ရောက်တော့ မနက်စာပြင်ကျွေးပြီး ဘယ်ဘနေ လာရောင်းတာလဲ အသွားအပြန်ဘယ်လောက်ကြာတာလဲ စသဖြင့် မေးနေတော့ မောင်က ပြန်ဖြေနေတယ်။ကျနော်ကတော့ မျက်စိရှေ့က ထမင်းကို ပြောင်းဖူးပြုတ်နဲ့ နယ်ပြီး သုပ်ပေးထားတဲ့ ထမင်းပန်းကန်ကိုပဲ စိတ်ရောက်နေတာမို့ စကားပြန်မပြောအားပဲရှိနေတယ်။ရေနွေးကြမ်းလေး ငှဲ့သောက်လိုက် ထမင်းလေး ဇွန်းနဲ့ ခပ်စားလိုက်နှင့် ။
"အာ...အားတော့နာပေမယ့်လေ...အဲ့လိုပဲလုပ်လိုက်ချင်တယ်ဗျ...ဘာလို့လဲဆိုတော့ နောက်တစ်ခေါက်တက်ခဲ့တာနှင့် ဒီကပစ္စည်းတေလဲ ကုန်တာနှင့် အဆင်ပြေသွားအောင်လို့လေ"
"ရပါတယ်ရှင်...အားနာစရာမလိုပါဘူး...အစ်ကို့ပစ္စည်းတေကိုလည်း စိတ်ချ...အလေအလွင့်မဖြစ်စေရဘူး..."
"ဟုတ်ကဲ့...အဲ့လိုဆိုရင် ပိုအဆင်ပြေတာပေါ့"
"စိတ်ချ စိတ်ချ...ဒါနဲ့ နောက်တစ်ခေါက်ပြန်လာရောင်းမှာသေချာတယ်မလားဟင်"
"ဗျာ"
ရွာလူကြီး ဦးမုန်ရဲ့ တူမဆိုသူကပါ ဝင်ပြောတယ်။
"ဟို..ညီမ..ညီမတို့အဲ့လိုမလုပ်ပေးလည်းရပါတယ်...ပြန်ရင်းနဲ့လမ်းမှာကုန်မယ့်ဟာတေပဲ...ပြန်ပဲသယ်သွားလိုက်ပါ့မယ်"
အားနာသမှုနဲ့ ငြင်းရတယ်။ကိုယ့်နယ်ဘက်က လာတဲ့သူအချင်းချင်းမို့ ကူညီပေးတာသိပေမယ့် အားနာရတာပေါ့။
"ဒီလိုဆို အမြတ်ကကျန်ပါ့မလားငါ့တူ...တကယ်လို့ မရောင်းရရင် အလကားဖြစ်သွားမှာလေ..ငါ့တူတို့ဘက်က ဒါတေပေါတော့ ဘယ်သူကဝယ်စားမလဲ"
"အာ..အဲ့ဒါလည်းဟုတ်တာပဲ"
ဈေးဝယ်လောဘကြီးသွားတဲ့ အဖြစ်ကတော့ဒါပဲ။ကုန်မယ်ထင်ပြီး အပြည့်အနှက် တင်ချလာတာ။မကုန်ဘဲ ကျန်ရော။