Extra-1
3.3K 158 0
Zawgyi
"သာဓု သာဓု သာဓု...ဘုန်းကြီးလို့ အသက်ရှည်...သွားလမ်းသာလို့ လာလမ်းဖြောင့်ကြပါစေကွယ်...ခလုတ်မထိ ဆူးမညိပါစေနဲ့...မိတ်ကောင်းဆွေကောင်းများ ရောက်လေရာမှာ တွေ့ပါစေ"
'ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ 'ကိုတော့ စိတ်ထဲကပဲ ပြောလိုက်သည်။
"ဆုပေးလိုက်ဦးလေတော်"
"အေး...သာဓု သာဓု သာဓု...ကျန်းမာကြပါစေ...ချမ်းသာကြပါစေကွာ"
တိုတိုရှင်းရှင်းနဲ့ ပြီးသွားတာဟာ အဖေရှက်နေလို့။
ဦးသုံးကြိမ်ချပြီးတဲ့ အချိန်ကျမှ
"အမေ့...မဟုတ်မှ..အမေ့သားက အရင်က တစ်နှစ်မှ မကန်တော့ဖူးဘူးလား"
"ကန်တော့တယ်လေ...ဘာဖြစ်လို့လဲ"
"အဖေက ကန်တော့ခံရတာ ရှက်နေလို့လေ..."
"အဲ့ဒါတော့ မပြောချင်ဘူး သားရေ...နှစ်တိုင်းဆို သူက ကန်တော့မခံဘူး ရှောင်ရှောင်သွားတာ...ဒီနှစ်မှ ကန်တော့ခံတာတော့်"
"ဩော်..."
"ကိုကိုတို့များနော်...ကိုယ့်ယောက်ျားကို တအားအထင်ကြီးတာပဲ"
"ကြီးစရာရော ရှိလို့လား"
"ကိုကိုသိသားပဲ ဘာကြီးလဲ ဆိုတာ..."
ဖြန်း
"အာ့...တဖုတ်ဖုတ် တဖတ်ဖတ် ရိုက်တိုင်းမကောင်းဘူးနော်..."
"ရုပ်ကိုက... ရိုက်ချင်စရာရုပ်ကိုး"
"ဟာ...အမေ."
အမေကပါ ဝင်ပြောတော့ မျက်နှာကြီးက အီးမှန်သလို ဖြစ်နေတော့တာ။အဖေကတော့ ဘယ်လောက်တောင် ရှက်နေသလဲ မသိပါ။ယောင်လည်လည်နဲ့ ထွက်သွားတာ အိမ်မှာတောင် မရှိတော့ဘူး။အမေ့မျက်နှာကတော့ တပြုံးပြုံးနဲ့ပင်။သားသမီးက ကန်တော့တာကို မကြည်နူးတဲ့ မိဘရယ်လို့ ဘယ်ရှိပါ့မလဲလေ။အင်း....။အမေကရော။အမေ့ကိုတော့ video call နဲ့ ကန်တော့ဖြစ်အောင် ကန်တော့ရဦးမည်။လူကိုယ်တိုင် မကန်တော့နိုင်ပေမယ့် အမေ ပျော်ပါစေ။
ကြွေပန်းကန်ပြား လေးပေါ်မှာ စာအိတ်လေး တစ်အိတ်။စာအိတ်လေးထဲမှာတော့ ပိုက်ဆံတစ်သောင်းတန် ဆယ်ရွက်။စာအိတ်နဲ့ ဆိုရင် ပိုက်ဆံတွေမှန်းသိသာပေမယ့် ဘယ်လောက်ဆိုတာတော့ ကြိုမပြောထားဘူး။မိုးကုတ်မှာတုန်းက ပေးသွားတဲ့ သုံးသိန်းရော ပြန်မပေးနိုင်တော့ တစ်သိန်းလောက် ကန်တော့တာတောင် နည်းတယ်။သုံးသိန်းလုံး ပြန်ပေးမယ်ဆိုရင်လည်း ယူကြမှာ မဟုတ်ဘူးလေ။