Zawgyi
"သား ...မနေ့က ကိုညိုမောင်က အိမ်လာပြောသွားသေးတယ်...သူတို့အဖွဲ့က အခုအိမ်အတွက် လူတစ်ယောက်လိုလို့တဲ့...သားကို လိုက်မလားလို့ မေးမလို့ အိမ်မှာ မတွေ့လို့တဲ့ ဒီကိုလာမှာသွားတယ်"
"သြော်..အင်းအင်း...သွားပြောလိုက်မယ်"
"အေအေ...သွားပြောဦး မလိုက်ဘူးထင်လို့ နောက်တစ်ယောက်ငှါး သွားခင်ဦးမယ်"
"အင်း...ညနေကျသွားပြောလိုက်မယ်"
"အေ"
သူ့အဖွဲ့ထဲမှာ လူလိုရင်တော့ မဆိုးဘူး။တစ်ရက် တစ်သောင်းကျော်ရနိုင်တယ်။တစ်ရက်တစ်သောင်းကျော်လည်း မဆိုးပါဘူး။လိုက်နိုင် လိုက်နိုင်တဲ့ ရက်အရေအတွက်နဲ့ ရသေးတာပဲ။
Dee~~Dee~~
တုန်ခါလာတဲ့ဖုန်း။နံပါတ်ကိုကြည့်လိုက်တော့
ရော့ သွား blacklist ထဲ
ဒီ ဖုန်းနံပါတ်တေကို ထပ်ပတ်သက်နေစရာအကြောင်းကိုမရှိဘူး။ကိုကိုရေ...ကျနော်တော်တယ်မလား။
ကိုညိုမောင်တို့အိမ်သွားရဦးမယ်။အချိန်ဆွဲနေရင် သူများစာဖြစ်သွားမယ်။
"ကိုညိုမောင်...ကိုညိုမောင်"
"လာဟေ့...ဒီဘက်မှာဟ"
ကိုညိုမောင်တို့အိမ်က နောက်ဘက်မှာ မီးဖိုနေရာကို ကျယ်ကျယ်လေးချထားလို့ အိမ်ရှေ့မှာ လူတွေ့ရခဲတယ်။
"အဖွဲ့ထဲ လူလိုတယ်ဆိုလို့ဗျာ"
"အေးလိုတယ်...မင်းလိုက်မှာလား မလိုက်ရင် ကိုဌေးကို ခေါ်မှာ"
"လိုက်မှာလေ...ဘာလဲ အပြတ်ငှါးတာလား"
"အေ...အပြတ်တော့ ဈေးမဖြတ်သေးဘူး...ပြီးမှ ဖြတ်မလို့"
"အဲ့ဒါကောင်းတယ်..."
"ဘာဟင်းတေချက်တုန်း...မရွှေရည်"
"အေး.... စောင်းလျားသီးမီးဖုတ်ထောင်းတယ်ဟေ့...အာလူးပြုတ်သုပ်မယ်..ဒါပဲ"
"ကောင်းပါတယ်ဗျာ...ကိုကိုဆို ကျနော်ကို စောင်းလျားသီးခနခန မီးဖုတ်ပြီး ထောင်းပေးတာ...စားလို့ကောင်းမှကောင်းဗျာ"
YOU ARE READING