Zawgyi
Ting~~Tong~~Ting~~Tong
ခြောက်နာရီ တိတိ မှာ မြည်လာတဲ့ နှိုးစက်သံ။မြန်လိုက်တာ ခြောက်နာရီထိုးတာကလည်း။
"မောင်..ထတော့ အလုပ်သွားရမှာ...အင်း"
မောင့်ကို နှိုးပြီး ဘယ်လိုမှ အိပ်ရေးမဝသေးလို့ ပြန်အိပ်ရမယ်။ဘေးက ကိုယ်တော်ချောက နှိုးစက်သံမြည်နေတာတောင် မနိုးလာလို့ နှိုးပေးနေရသေးတယ်။အစကတည်းက စောစောမထနိုင်ရင် စောစောအိပ်လိုက်ပါ့လား။
"ထတော့နော်..နောက်ကျနေမယ်"
ပြောသာပြောနေတာ မျက်လုံးကို လုံးဝမဖွင့်ဘူး။အိပ်ချင်ပြေသွားရင် နှမြောစရာကြီးမလို့။
"ဝှါး..."
အင်း။ငါပြန်အိပ်ပြီ။
ပြန်အိပ်မပျော်သေးခင် ဘေးနားက လှုပ်လှုပ်ရွရွ နဲ့ စောင်ခေါက်နေတာတွေ သိလိုက်သေးတယ်။
Ti Ti~~
"အစ်ကိုရေ...အစ်ကို သုတ...အစ်ကို"
ရှစ်နာရီတောင်ထိုးတော့မယ်။အစ်ကိုက အိပ်နေသေးတာလား။ဖိနပ်ကရှိတယ်။
"အစ်ကိုရေ့..."
"သြော...ထွဋ်ခေါင်လား...ခနလေးနော် လာမယ်"
အိပ်မှုံစုံမွှားအသံနဲ့ ပြောတယ်။အိမ်မှာနေတုန်းကဆို တစ်ခါမှ တောင် လင်းအောင်မအိပ်ဘူး။အစောကြီး အိပ်ယာထ မျက်နှာသစ်လုပ်တာ။ဘယ်တူပါတော့မလဲလေ။ညက နှစ်ယောက်အတူတူအိပ်ကြတာကိုး။
"ခနနော်...မျက်နှာသစ်ချေဦးမယ်"
ပြောပြီး ရေတွင်းရှိတာဆီ သွားနေတဲ့ အစ်ကိုက ခြေလှမ်းတေ မမှန်ဘူး။
ဒီနေ့ မနက် ငဖြိုးက အလုပ်လိုက်သွားတာ တွေ့လိုက်တယ်။
"sorry နော်...အိပ်ယာထနောက်ကျသွားတယ်...ဘာကိစ္စလဲ"
"ကိစ္စရှိမှ လာရမှာလားဗျ"
"အာ...အစ်ကိုက အဲ့လိုပြောတာမဟုတ်ဘူး...ကိစ္စတစ်ခုခု ရှိတယ်ထင်လို့"
မရှိပါဘူးဗျာ။အစ်ကိုတို့ အဆင်မှပြေရဲ့လားဆိုတာ လာကြည့်တာပါ။ဒီလောက်အစောကြီး ပြန်သွားမယ်လို့ မထင်ခဲ့မိဘူး။လူတေဟာ အချစ်နဲ့ပတ်သက်လာရင် မာနတွေလည်း မရှိကြတော့သလို အတ္တတွေလည်း မရှိကြတော့ဘူး။
YOU ARE READING