7 (Unicode)
2.6K 187 2
"ဝယ်ပေးပါဗျ..နော်..နော် အရစ်ကျတေလည်း ပေးဝယ်လို့်ရနေတာကိုဗျာ...နော်..နော်လို့အမေ့"
"အေမက မဝယ်ပေးဘူး ပြောတာမှမဟုတ်တာသားရယ်...အစပိုင်းကို ငှါးပြီးထွက်ကြည့်ဦးလို့ပြောတာ...တော်ကြာဝယ်လိုက်ပြီးမှ အလုပ်အဆင်မပြေရင်...ဘယ္လိုလုပ္မလဲ...ပြန်ရောင်းရအောင် ဟင်းရွက်ကန်စွန်းရွက်လည်းမဟုတ်"
"ဟာဗ်ာ..အမေကလည်း ပြောရခက်လိုက်တာ...ကားဝယ်လိုက်ရင် ဒီအလုပ်တစ်ခုတည်းရှိတာမှမဟုတ်တာဗျ...ဈေးရောင်းအဆင်မပြေဘူးဆိုရင်တောင် တခြားအလုပ်တေလုပ်မှာပေါ့ဗျ.. ဟူး"
ပြောပြီး မောသွားဟန်နဲ့ ရင်ဘတ်က အကြႌစကို တဖြတ်ဖြတ်ခပ်လို့နေတယ်။သူလုပ်ချင်တဲ့ အလုပ်လုပ်ဂဖို့ အမေတို့ကို ကားဝယ်ပေးဖို့ပြောနေတာ။ကားလေးတစ်စီးလောက်ဝယ်ထားလိုက်ရင် ဈေးရောင်းတာမှမဟုတ် တခြားအလုပ်လုပ်လည်း ပိုအဆင်ပြေမယ်လို့ မောင်ကထင်တယ်။မောင့်အမေကလည်း လူကြီးပီပီ အရာရာကို တွေးပူပြီး အဆင်မပြေမှာစိုးလိို့နေတယ်။
"နော်..နော်လို့အမေရာ အဆင်မပြေ ပြေအောင်လုပ်မယ် အေမရာ..နော် အဘွားကိုပြောပေး ဝယ်ပေးမှာသေချာတယ် အဘြားက...အေဖကေရာဘယ်သြားတာလဲ..အေဖ့"
စပါပြီ။ဝယ်ပေးမယ်မပြောမချင်း မပြီးနိုင်မစီးနိုင်ပူဆာနေတော့မှာ။
မိဘနဲ့ သားသမီးဆိုပေမယ့်လည်း ကိုယေ္ကတာ့ သူစိမ်းမလား။မောင်ကတော့ အားမနာတမ်းပူဆာနေပေမယ့် ဒီကေတာ့ မျက်နှာပူနေပြီလေ။ဒါကြောင့်မို့လို့ မောင့်ကိုပြောကြည့်ရသေးတယ်။
"မောင်...အမေပြောသလိုပဲ ငှါးပြီးထွက်ကြည့်ပါဦးလား..ဟင်"
"ကိုကိုကလည်း လုပ်ပြီ...ဘာအလုပ်မှ မလုပ်ဘဲနေလိုက်ရတော့မလားပြော...နေလိုက်ရတော့မလား"
"ဟဲ့ အဲ့လိုတော့ မနေပါနဲ့..မောင်မင်းကြီးသားရယ်...နင့်အဖေကို ပြောပြီးတိုင်ပင်ကြည့်ပါဦးမယ်"
"ပြီးရော...အမေတို့များနော် ကျန်တာပြောတော့ တုပ်တုပ်မလှုပ်ဘူး..အလုပ်မလုပ်ဘဲနေမယ်ဆိုမှ လျှော့လာတယ်...ကျုယ့်သားလေးတစ်ယောက်တည်းရှိတာများ...အလကားနေတာကိုမလိုဘူး"