18 (Unicode)
2.5K 145 4
ဒီနေ့တော့ သရက်သီးစိမ်းတေကောက်ပြီး စပ်သီးခြောက်ထုပ်ဝယ်၊ဆား ၊အချိုမှုန့် ငပိကိုရှယ်နယ်ချပြီးတော့ ဇလုံခပ်ကြီးကြီးတစ်ခုထဲကိုထည့်ပြီး ကလေးတွေကို ချပေးလိုက်တယ်။အိမ်တိုင်းလိုလို သရက်သီးစိမ်းဆိုတာ အခုအချိန်အပေါဆုံး။အချိန်မရွေး အိမ်မရွေး ကောက်စားလို့ရတယ်။ခုလိုလူအများကြီးနဲ့ ဝိုင်းပြီးစားရတော့ ပိုကောင်းတာပေါ့ဗျာ။ညနေကျ တစ်ဖြတ်သုပ်ပေးဖို့လည်း အဆင်သင့်ကောက်ထားပြီးသား။မီးဖိုထဲမှာ အဆင်သင့်။
"ရေအေးတေ သင့်ရုံသောက်နော်...အီးပန်းနေမယ်"
"ဟာဗ်ာ...ကိုကြီးက တအားအကျင့်ပုတ်တာပဲ..သူများစားနေတာကို"
တမင်စလိုက်တာဖြစ်သည်။ပြောတာလည်း ရန်ရန်ပါပဲ။ရွံတတ်လိုက်တာလည်း လွန်ရော။
"စားပါ စားပါ...မင်းတို့အတွက် ရှယ်သုပ်ပေးထားတာ"
"ကောင်းတယ်ကောင်းတယ်... ဂွတ်ဒ်ပဲ...ရှယ်ပဲ"
ရှူးရှူးရှဲရှဲနဲ့ ရေသောက်လိုက် စားလိုက်။
ထိုစဉ် ခြံထဲဝင်လာတဲ့ ကားလေး။မဆိုးပါဘူး။ကိုးနာရီလောက်အိမ်ရောက်တယ်ဆိုတော့ မနက်အစောထပြန်ခဲ့သားပဲ။
"ဟိတ် စားပြီးတဲ့ပန်းကန် ဆေးနော်...ရေတွင်းမှာ ဆပ်ပြာရော သပွတ်အူရောရှိတယ်"
"Yes sir"
"အေးအေးလုပ်နေ...မပြောင်ရင်တော့ ခေါင်းခေါက်မယ်နော်"
"ကြိုက်သလောက်ခေါက် ရတယ်"
"အေးပါအေးပါ...ပြီးရင် စာပြန်စဖို့လုပ်ကြနော်...ကိုကြီးခန အိမ်ပေါ်သွားဦးမယ်"
"ဟုတ် ဟုတ်"
အခုမွ ကားထဲကထြက္လာသူကို လှေကားတက်ရင်းနဲ့ပဲ စောင့်နေလိုက်တယ်။သွားတော့ ကြိုမနေတော့ဘူး။
အခန်းထဲလှမ်းနေတဲ့ ခြေလှမ်းတေနောက်က ကပ်ပါလာတဲ့ သူကလည်း တပ်ကြပ်မခွာ။
"နားဦးလေ...ရေသောက်ချင်သောက်ချေဦး"
"ရပါတယ်...ကိုကို ဘာလို့ချက်ချင်းကြီးပြန်ခေါ်တာလဲဆိုတာသာပြော"