11 (Unicode)
2.1K 154 0
မနက် ဆယ်နာရီ။စာသင်တာတေ စနေပြီကြောင့်မလို့ ကေလး ဆယ်ယောက်လောက်ရှိနေတယ်။နွေကျောင်းပိတ်တုန်း စာကြိုသင်ထားတယ်ဆိုတာလည်း သချၤာနဲ့ အင်္ဂလိပ်စာနှစ်ဘာသာပဲ သင်ပေးရတာ။တစ်ပတ်မှာ ခြောက်ရက်ခေါ်ပြီး သုံးရက်ကိုတစ်ဘာသာစီရက်ခွဲပြီး သင်ပေးလိုက်တယ်။တနင်္ဂနွေတစ်ရက်တော့ နား။အစက နှစ်ချိန်ခေါ်ပြီး အတန်းနှစ်ခုသင်မလို့စဉ်းစားပေမယ့် မနက်ရော ညေနေရာဆို အသံတေနာပြီး မောမှာစိုးလို့ဆိုတဲ့ ဆရာကြီးရဲ့စကားကိုနားထောင်သောအားဖြင့် လေးတန်းတစ်တန်းတည်းကိုပဲ သင်လိုက်တော့တာ။
ပထမေတာ့ တစ်ယောက်နှစ်ယောက်လောက်နဲ့ပဲ စခန်းသွားရမှာလို့ ထင်ပေမယ့် လာအပ်ကြတာ ဆယ်ယောက်တောင်ကျော်သွားသေးတယ်။တစ်ယောက်ငါးထောင်လောက်ပဲ တောင်းရင်တောင် တစ္လကို ငါးသောင်းလောက်ကပုံမှန်ရနေတော့ ဈေးသည်ကြီးရဲ့ဝင်ငွေကို ထိစရာမလိုဘဲ စုထားလိုက်ရုံပေါ့။
"ခပ်သွက်သွက်လေး တွက်ကြမယ်ဟေ့... ဒါပြီးရင် လာပြ...မှန်တဲ့သူပြန်ခိုင်းမယ်"
"ဟုတ်ကဲ့ ပြီးတော့မှာကိုကြီးသုတ...အရက်ဆုံးပြီးတဲ့သူဘာပေးမှာလဲဗျ"
လာပြီ။ဒီအသံထွက်လာရင် ဘယ်တော့မှ သူများရှေ့ကမရောက်တဲ့ ရန်ရန် ဆိုတဲ့ကေလး။
"ဒီမွာဗ်ာ...ဒီခဲဖျက်လေးပေးမှာပါဗျာ...စကားမမ်ားဘဲ မြန်မြန်သာတွက်စမ်းပါ"
"ဟဟ...တစ်ပုဒ်ပဲကျန်တော့တာ... ကျနော်ပထမဆုံးပြီးစေရမယ်...ကြည့်ထားလိုက်ကိုကြီးသုတ"
အဲ့တစ်ပုဒ်ပဲကျန်တော့တယ်ဆိုတာ ပြောမနေဘဲ တွက်လိုက်ရင် အစောဆုံးပြီးနိုင်တယ်ဆိုတာတော့ ထည့်မပြောတော့။ဒီကောင် အဲ့လိုခံရပေါင်းများလည်း မွတ္ကိုမမွတ္ဘူး။
"သမီးပြီးပြီကိုကြီးသုတ...လာပြရမှာမလား"
"အေ...လာခဲ့"
ဘယ့်နှယ့်ရှိစ မောင်လေပေါရေ။
ငါမပြောဘူးလားဆိုတဲ့ အကြည့်နဲ့ မောင်လေပေါကိုကြည့်လိုက်တော့ ယူကြုံးမရဖြစ်နေတဲ့ပုံနဲ့။လူပုံစံက ဝတုတ်တုတ်နဲ့။သူ့ထက်အရင်ပြီးတဲ့သူတေလိုက်ပြီးမျက်စောင်းထိုးရအောင်လည်း ပြီးနေကြတာ တစ်ယောက်တည်းလည်းမဟုတ်တော့ပဲလေ။ကလေးတေဆိုတော့လည်း တန်ဖိုးကြီးကြီးမကြီးကြီး ဆုချတာဟေ့ ဆိုရင် ရချင်တဲ့သူချည်း။တစ်ခါတစ်လေဆို ဘောပင်လှလှလေးဖြစ်ဖြစ် ပုံဆွဲတဲ့စာအုပ်လေးတေပဲဖြစ်ဖြစ် ပေးဖို့ ဝယ်ထားရတယ်။