37 ( Z + U ) Final
6K 218 13
Zawgyi
မကြာခင် သီတင်းကျွတ်တော့မည်။ရွါမှါဆိုရင်သီတင်းကျွတ်လျှင် ကထိန်ပွဲ များက စည်စည်ကားကား ။သီတင်းကျွတ်ကို ရွာကိုပြန်ဖို့ စိတ်ကူးထားတာမို့ ဒီနေ့ ကို့ကို့ အဖေရဲ့ လလည် ဆွမ်းကျွေးပြီးရင် တစ်ခါတည်း ထွက်လာခဲ့ဖို့ တိုင်ပင်ထားကြတယ်။ဘာလိုလိုနှင့် တစ်လဆိုတာလည်း ဘယ်လောက်မှတောင် မကြာလိုက်သလိုပါ။
"(အမျှ အမျှ အမျှ....ယူတော်မူကြပါကုန်လော့...သာဓု သာဓု သာဓု)³"
"လာ...မုန့်စားပြီးမှ သွားရအောင်...လမ်းမှာ တစ်နပ်စာဝယ်ရလွတ်လည်း နည်းတာမဟုတ်ဘူး"
"စားရအောင်လေ...ဒါဆို "
တရားနာတဲ့ သူတွေကို မုန့်ဟင်းခါး ကျွေးတာမို့လို့ တစ်ခါတည်း ဝင်စားပြီးမှ ထွက်ခဲ့လိုက်သည်။ကားဂိတ်ကို ရောက်တော့ တစ်နာရီထိုးဖို့ ဆယ်မိနစ်လောက်ပဲ လိုတော့သည်။ခရီးသည် တွေ စောင့်တဲ့ ခုံမှာပဲ ထိုင်ပြီးစောင့်နေလိုက်တယ်။
"ကိုကို တစ်ခါတည်း အဲ့လိုကြီးလုပ်လိုက်ရင် ကောင်းပါ့မလား"
"မသိဘူး...သေချာတာတစ်ခုက ငါဒီမှာနေရတာ မပျော်ဘူး...အဲ့ဒါကြောင့်မို့လို့ ငါ ဒီမှာ ထပ်မနေချင်တော့တာ"
"ကိုစစ်နိုင်ကတော့ စိတ်ချရမှာပါ...သူက အလုပ်လည်း ကြိုးစားတာကို"
"အင်း...ငါလည်း သူ့ကိုစိတ်ချလို့ပဲလေ"
"ကိုကို့အမေ သိရင်တော့ ဘယ်လိုပြောဦးမလဲ မသိဘူးနော်"
တစ်ချက် ငေးခနဲ ဖြစ်သွားပြီးမှ
"မောင့်...ငါက သားမိုက်ကြီး ဖြစ်နေပြီလား ဟင်"
လှည့်ကြည့်ပြီး မေးလာတဲ့ ကိုကိုက နောင်တတွေများ ရချင်နေသလားလေ။
"ဘယ်လိုလုပ် ဖြစ်ရမှာလဲ ကိုကိုကလည်း...အကုန်လုံးကို စဉ်းစားပြီးမှ ဖြစ်သင့်တာကို လုပ်တာပဲကို"
"ငါတို့ဆုံးဖြတ်တာ မှန်ရဲ့လားဟင်...ငါတို့မမှားပါဘူးနော်"
"ကိုကိုရယ်...နောက်သုံးလေးလဆို ညီမလေးကလည်း စာမေးပွဲပြီးပြီ ဒါဆို အမေလည်း အဖော်ရပြီလေ...မဟုတ်ဘူးလား"