19 (Unicode)
2.8K 161 3
"ဘယ်လိုပြောလိုက်တာလဲ ကိိုကို"
"ဟုတ်တယ်...ငါပြောတဲ့အတိုင်းပဲ မင်းစဉ်းစားပါ"
"ကိိုကို..."
"ဘာလဲ...မင်းမလုပ်နိုင်ဘူးလား"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲကိုကိုရာ...သေချာလည်းစဉ်းစားပါဦး"
"ဒါဆိုရင် မင်းသူ့ရှိတဲ့အရပ်ကိုလည်း မသွားနဲ့တော့...သူနဲ့လည်း ထပ်မပတ်သက်နဲ့တော့လေ"
ဖြေလေ မောင်ရဲ့။ဖြေပါ။မောင်နောက်ကို ဘယ်တော့မှ သူ့ဆီမသွားတော့ဘူးလို့ဖြေစမ်းပါ။ဘာလို့ တွေဝေနေရတာလဲ။တွေဝေနေတာက မောင့်ပုံစံမှမဟုတ်တာ။
"က်...ကျနော်"
"ဘာတေအဲ့လောက်ခက်နေရတာလဲ မောင်ရယ်...ဟင်..သူနဲ့ငါနဲ့ နှစ်ယောက်ထဲက တစ်ယောက်ကို မောင်ပြတ်သားရမှာလေ...မလုပ်နိုင်ဘူးလား"
အိမ်အောက်က တန်းလျားခုံမှာ မျက်နှာချင်းဆိုင်ထိုင်ရင်းနဲ့။ပြောစရာရှိတာတော့ ပြောရမယ်မလား။မပြောလို့မှမဖြစ်တာကို။
"အဲ့..အဲ့လိုမဟုတ်ဘဲ တခြားနည်းမရှိဘူးလား..ဟင်...ကိိုကိုမနက်တုန်းကလို လုပ်တာပဲဖြစ်ဖြစ်လေ"
"ဘာလဲ မောင်သူ့ဆီတစ်ခါသွားပြီးတိုင်း ငါကတစ်ခါ မောင့်ကို ရိုက်နှက်နေရမှာလား...စဉ်းစဉ်းစားစားလည်းပြောပါဦးမောင်ရယ်"
ကိုယ့်လည်း မကွဲနိုင် မကွာနိုင်။ဟိုဘက်ကိုလည်း မပြတ်နိုင်ဖြစ်နေတာ။အဲ့ကောင်မလေးကို မပြတ်နိုင်လို့ ကိုယ့်ကို ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးဆိုတော့လည်း မဟုတ်ဘူး။အဲ့လိုဆိုလို့လည်း ဟိုဘက္ကို ဖြတ်လိုက်ပါဆိုတော့လည်း မောင်က မဖြတ်နိုင်ပြန်ဘူး။ဘယ်လိုအချိုးတေချိုးနေရပြန်တာလဲ မောင်ရဲ့။မောင်က ငါ့ကို အဆုံးစွန်ထိ ရက်စက်ဖို့များ တွေးထားသလား။ဒါမှမဟုတ် ငါ့ကို စိတ်ကြောင့် သေသွားစေဖို့များ ရည်ရွယ်သလား။
"ဘာလဲမောင်...တရားဝင်ကတစ်ယောက် တရားမဝင်တာတေရော မောင်က မောင့်ဘေးမှာ အများကြီးထားချင်တာလား...ဟုတ္လား"
"မဟုတ်...မဟုတ်ရပါဘူးဗျာ"
"မောင်အဲ့လိုပဲ ဆက်လုပ်နေမယ်ဆိုရင်တော့ ငါ မောင့်ဘေးကနေ ထွက်သွားမှာနော်...ဘယ်တော့မှ ပြန်လာမှာမဟုတ်ဘူး"