Zawgyi
"သေချာပြီလား သား..."
"ဟုတ်"
"သေချာတယ်ဆိုလည်း ပြီးတာပဲ...မနက်ရှစ်နာရီ ဆိုနေ့တိုင်းအရောက်လာပါ...မြန်မြတ်တတ်လေ ပိုကောင်းလေပဲ...စက်ရုံမှာလဲ မန်နေဂျာနဲ့ချည်း အကြာကြီးထားလို့ မရဘူး"
"ဟုတ်ကဲ့ပါ"
"မင်းအဖေပြန်အောင် မစောင့်တော့ဘူးလား"
"ကျွန်တော်မြန်မြန်နားချင်ပြီမို့လို့ အမေတို့ ငှါးခိုင်းထားတဲ့ အိမ်လိပ်စာပဲပေးပါ"
ပြောလိုက်တော့ သော့တစ်ချောင်းကို ထုတ်ပေးလာတယ်။
စထွက်ကတည်းက အိမ်တစ်အိမ်လောက် ငှါးဖို့ ရှာထားနှင့်ဆိုတဲ့ စေခိုင်းချက်အောက်မှာ ရောက်သွားကြတော့ အိမ်တစ်အိမ်က စာချုပ်ချုပ်ပြီးသား အဆင်သင့်ရှိနေပြီ။ရောက်မှ စုံစမ်းပြီးရှာနေစရာမလိုတော့ဘူးပေါ့။မောင်က တစ်ယောက်တည်း နေမယ်ပြောနေတယ်။မထားနိုင်ပါဘူး။ကိုယ်တစ်ယောက်တည်း ကောင်းကောင်းစား ကောင်းကောင်းနေနေလို့ ဘယ်တရားပါ့မလဲ။အဲ့ဒါကြောင့် မောင်နဲ့အတူ သွားနေဖို့ ပြောတော့ မတားဘူး။တားလို့မရမှန်းလည်း သိလို့နေမယ်။နေ့တိုင်း အဖေ့အလုပ်တွေကို လေ့လာဖို့ မနက်ရှစ်နာရီ အရောက်လာရမယ်တဲ့။ကောင်းပါတယ်။
"ကျွန်တော်သွားတော့မယ်.."
"ရောက်လာပြီးမှ အဖေကို ပြုစုလာတာ ပြုစုလာတာနဲ့ တူအောင်နေ...အလုပ်တွေလည်းလေ့လာရင်းပေါ့"
"သိပါတယ်"
ပြောချင်တာက ပြုစုလာတာနဲ့ တူအောင်နေဆိုတော့ တစ်ချိန်လုံး အဖေ့နားမှာပဲ နေစေချင်တာ။အခုလို မောင်နဲ့ အတူသွားနေမယ်ဆိုတာကို မလိုဘူးဆိုတာ သိသာနေတယ်။ဘယ်တတ်နိုင်မလဲ ။မောင့်ကို အိမ်ပေါ်ခေါ်မတင်ချင်မှတော့ မောင်နဲ့ အတူလိုက်နေရုံပေါ့။
"ကြာသွားလား"
အိမ်ထဲတောင်ခေါ်လို့မရတဲ့ မောင်။အပြင်မှာပဲ ကျောပိုးအိတ်တစ်လုံးလွယ်လို့ ရပ်စောင့်နေတာ။အတင်းကြီးတော့လည်း မခေါ်ချင်တာမို့ ခပ်မြန်မြန်ပဲ ထွက်လာခဲ့လိုက်တာ။
DU LIEST GERADE