"ကြီးမေ အဲ့လူက ယောကျ်ားလေးနော် မဟာ့လိုတောင် မပိန်ဘူး၊ နောက်ပြီး သူတို့လမ်းထဲကအိမ်တွေ အကုန်လုံးက safe ဖြစ်ပြီးသား ပူမနေနဲ့"
"ယောကျ်ားလေးလဲ လူပဲ သားရယ် ဘယ်လောက်ပဲ လုံခြုံပါစေ သတိလွတ်တဲ့အချိန်လဲ ရှိမှာပေါ့။ တယောက်ထဲက ဘယ်နေရာများကောင်းလို့လဲ သားရယ် ဒီမှာလာနေတော့ စားရေးသောက်ရေးကမှအစ ပူစရာမလိုတော့ဘူးလေ သားဒယ်ဒီကလည်း စကားပြော်ဖော် ရလို့ ဝမ်းသာနေတာ"
"သားမဟာ ဒီမှာ"
"ဒယ်ဒီ လမ်းလျှောက်ကပြန်လာပြီလား"
"အင်း ဒါနဲ့ ပန်းစည်းတွေက အပတ်တိုင်းလိုလို လာပို့နေတာထင်တယ်"
"ဟုတ်တယ် သားလဲ သတိထားမိတယ် ဘယ်သူမှန်းလဲမသိဘူး လိုက်လဲမစုံစမ်းချင်တာနဲ့"
"အမှတ်အသားလေး ဘာလေး မပါဘူးလား ပန်းစည်းမှာ"
"postcard တွေတော့ပါတယ် ဒယ်ဒီ အရင်နှစ်ခု တုန်းကတော့ ဖတ်လိုက်သေးတယ် ခုနောက်ပိုင်းတော့ မဖတ်ဖြစ်ဘူး"
"အေးပါ ကိုယ့်ကိုမှအန္တရာယ်မပေးတာ ဘာမှတွေးမနေနဲ့"
ဒီစကားကို ဒယ်ဒီက ပန်းစည်းယူလာပေးတိုင်းပြောသည်။မဟာ ဆေးရုံသွားရမည်မို့ မနက်စာစားရန် ထမင်းဝိုင်းတွင်ထိုင်လိုက်သည်။ ထိုစဉ်
"သားဇေလေးတောင် လာပြီပဲ "
"ဟုတ် ကြီးမေ"
"လာ ....လာ ကြီးမေက သားအကြိုက် မုန့်ဟင်းခါး ချက်ထားတယ်"
"ဟုတ် စားမယ်"
"ဦး သား မနက်က အရေးကြီးအလုပ်ရှိလို့ လမ်းအတူမလျှောက်နိုင်တာနော် နောက်နေ့ဆို အတူလျှောက်ပေးမယ်"
"ရပါတယ်ကွာ အလုပ်ကိုပဲ အာရုံစိုက်ပြီးလုပ် "
"ဟုတ်ကဲ့"
"တနင်္လာ နေ့ဆိုအမြဲအစည်းဝေးရှိတာလား မနက်စာလည်း လာမစားလို့လေ"
"ဟုတ်တယ် ဦးရဲ့ စဖွင့်တဲ့ရက်ကအရေးကြီးတယ်လေ"
"အရေးကြီးပေမဲ့ အစားအသောက်ကိုတော့ ဂရုစိုက်ပါ ကြီးမေလာပို့ပေးမယ်"
"ရပါတယ် ကြီးမေရဲ့ သားကိုယ့်ဘာသာပဲ ဝယ်စားလိုက်ပါ့မယ်"
ထမင်းဝိုင်းမှာ မဟာက ကိုယ်ပျောက်လူသားဖြစ်လို့နေသည်။ ပြောသမျှစကားလုံးတိုင်းမှာ မဟာမပါ။ ခုရက်တွေမှာ night duty တွေဆက်နေတာကြောင့် မဟာ ပင်ပန်းနေတာ။ အဲ့ဒါကိုသိသိကြီးနဲ့ မဟာ့ကို တချက်မှမမေး ဟိုအချိုးမပြေသည့် လူကိုပဲ ဂရုစိုက်နေတာ။မဟာ ကိုယ့်စိတ်ထဲကပဲ မကျေနပ်ချက်တွေကို ဖော်ထုတ်ရသည်။ အပြင်မှာ ပြောမိလို့ကတော့ သားကအကြီးပဲ နားလည်ပေးမှပေါ့တဲ့ ကောင်းရောပဲ။
ST-18
Začít od začátku