"ကိုယ်တို့မလုပ်တာ အဲ့လောက်မကြာသေးပါဘူး..
ဘယ်လိုလုပ်ပိုကျပ်လာရတာလဲ"

ပူလောင်သည့်လေက ယူရှောင်းမို၏နားနားသို့
ရောက်ရှိလာပြီး ၎င်းနှင့်အတူလင်းရှောင်၏အသံ
ပါလာလေသည်။ ဤစကားမှအကြောင်းအရာများက
ယူရှောင်းမို၏မျက်နှာလေးကို နီရဲသွားစေသည်။

ယူရှောင်းမိုက သူ့ပခုံးကိုကိုက်လိုက်ပြီး
မပီမသအသံဖြင့်ပြောလိုက်သည်။

"ခင်ဗျား ခင်ဗျား မြန်မြန်လုပ်.."

သူ့နားဘေး၌ ခပ်တိုးတိုးရယ်သံထွက်လာ၏။

"မိန်းမစကားအတိုင်းပါ"

သူ့စကားဆုံးသည့်အခါ ထိုးသွင်းမှုများက
ပို၍ကြမ်းတမ်းလာလေသည်၊ သူတို့
အသွေးအသားများကို တစ်ခုတည်းအဖြစ်သို့
ပေါင်းစည်းချင်နေသည့်အလားပင်။ တစ်ခဏ
ကြာပြီးနောက်၌ ယူရှောင်းမို၏ပြတ်တောင်း
ပြတ်တောင်း ငိုသံလေးကိုကြားရတော့သည်။

"Wuuuu..ကျွန်တော်..ကျွန်တော်ပြောတာ
ဒီလိုမဟုတ်ဘူးလေ.."

အဖြေကတော့ ပိုလို့တောင်မြန်ဆန်လာခြင်းပင်။

လင်းရှောင်ကိုမြန်မြန်ပြီးစေချင်တာလေ.. ဘာလို့
တအားခက်ခဲရတာလဲဟင်။

အဆုံးတွင်တော့ ယူရှောင်းမိုမှာပင်ပန်းနွမ်းနယ်စွာဖြင့်
လင်းရှောင်ရင်ခွင်ထဲတွင် လဲလျောင်းနေတော့သည်။
လှုပ်ရှားမှုနှင့်အားက အချိန်တစ်ခဏကြာအောင်
စုထားရသည်များကို ကုန်စင်အောင်ထုတ်ပစ်လိုက်
သည့်အလားပင်။ သူ့ခန္ဓာကိုယ်အားက မည်မျှပင်
ကောင်းပါစေ ဒီလိုအရာမျိုးကိုတော့
တောင့်ခံနိုင်စွမ်းမရှိချေ။ သူနိုးလာချိန်တွင်
နေက ခေါင်းထိပ်ကိုရောက်နေပြီဖြစ်၏။

လင်းရှောင်ကို ဘယ်နေရာမှာမှမတွေ့ရ၍
ယူရှောင်းမိုလည်း တင်ပါးလေးကိုထောက်ကာ
နယ်မြေထဲဝင်သွားလိုက်သည်။ သူ့ကိုယ်ပေါ်ရှိ
ခရမ်းရောင်အမှတ်များကို စိတ်စွမ်းအင်ရေဖြင့်
ဖယ်ရှားပစ်ရမည်။ သူပြန်ထွက်လာချိန်တွင်
လန်းဆန်းနေပြီး သန့်ရှင်းသည့်အဝတ်များ
လဲဝတ်ပြီးပြီဖြစ်လေသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now