ထိုအခါ babyက မျက်လုံးလေးတွေ သေချာဖွင့်ပြီး အခန်း
အခြေအနေကို အကဲခတ်သည်။

"ဘယ်နှစ်နာရီလောက်တောင် ရှိနေပြီလဲ မသိဘူး"

"ခဏလေး"

ရှောင်းကျန့်က ကုတင်ဘေးရှိ စားပွဲပေါ်မှာ တင်ထားတဲ့ သူ့
ဖုန်းကို ဖွင့်ကြည့်နေတယ်။

"ဆယ့်တစ်နာရီ ထိုးတော့မယ် bae"

"အချိန်တွေ မနည်းတော့ဘူးပဲ..အဲ့တာ ဦး ကြောင့်"

သူ့ကို မျက်စောင်းရွယ်၍ ဆူပုတ်ပုတ်လေး ပြောလာတဲ့
အကောင်ပေါက်။ရှောင်းကျန့် ကုတင်ပေါ်ကိုတက်ပြီး
ကလေးကိုယ်လေးကို သိမ်းကြုံး၍ ဖက်လိုက်သည်။

"ဦး နဲ့ဘာဆိုင်လို့လဲ baeရဲ့..ဟင်"

"ဦး ညက တော်တော်နဲ့မရပ်လို့ မနက်မိုးလင်းခါနီးမှ အိပ်
ရတာလေ"

"မွချ်!ကိုယ် စိတ်လွတ်သွားလို့ပါ ကလေးရယ်။နောက်အရမ်း
မဆိုးတော့ဘူးနော်"

ရိပေါ် ပါးတစ်ဖက်ကို ဖိနမ်းရင်း ပြောလာတဲ့ ဦး ကြောင့်
ရိပေါ်မှာ ဆိုးချင်နေတဲ့ စိတ်တောင် ဘယ်ရောက်လို့ ရောက်
သွားမှန်းမသိ။

"ညက ပြောတဲ့ အကြောင်းတွေက တကယ်လား"

"အလကား..ဦး..လျှောက်ပြောနေတာ"

"ဟွန့်..ထင်သားပဲ..သူများက တကယ်မှတ်ပြီး ကြောက်နေတာ"

"ကြောက်နေတာထက် ပိုပြီး စိတ်လှုပ်ရှားနေတာ မဟုတ်ဘူး
လား bae"

"နှစ်ခုလုံးပဲ"

"အဟင်း..ချစ်လိုက်တာ အသည်းရာ"

ရိပေါ် ဦးရင်ခွင်ထဲကို အတင်းတိုးဝင်ပြီး.ဦးရဲ့ မေးဖျားလေးကိုခေါင်းမော့၍ နမ်းလိုက်တယ်။

"ကျွန်တော့်ကို အမျိုးမျိုးတွေ ခေါ်နေတော့တာပဲ"

"အသဲယားလို့ပါကွာ...အဲ့လိုခေါ်တာကို မကြိုက်ဘူးလား"

"ဟင့်အင်း....ကြိုက်တယ်လို့"

"ဟာကွာ..အချစ်လေးရာ ပြွတ်စ်!"

ခပ်တည်တည်မျက်နှာလေးနဲ့ ခေါင်းခါပြီး ဟင့်အင်း လို့ပြော
ပြီးမှ ပြုံးပြီး ကြိုက်တယ်လို့ ပြောလာတဲ့ အကောင်ပေါက်
က ချစ်လို့မဝနိုင်တဲ့ ရှောင်းကျန့်ရဲ့ အချစ်ဆုံးလေး။

Let F**k Together[Completed]Where stories live. Discover now