(7)

1.3K 166 3
                                    

ကြာရှည်တဲ့ဆောင်းရာသီ ကျရောက်ခဲ့တဲ့အချိန်တုန်းကသူ့ရဲ့အသက်က13နှစ်ဘဲရှိသေးတယ်။ အမှန်ဆိုရင်သူတို့တွေရဲ့မျိုးနွယ်စုမှ အသက်15နှစ်မှသာအရွယ်ရောက်တဲ့သားရဲတစ်ကောင်ဖြစ်ပြီး အမဲလိုက်တာတွေသင်ယူရတာဖြစ်တယ်။အသက်16နှစ်ရောက်မှအမဲလိုက် အဖွဲ့တွေနဲ့အပြင်ထွက်ပြီးအမဲလိုက်ရတာဖြစ်တယ်။

ဒါပေမယ့်သူကတော့အသက်13နှစ်မှာတင် ‌အစာရေစာရှားပါးမှုကြောင့်‌ အေးစက်နေတဲ့အနီးအနားပတ်၀န်း‌ကျင်တွေကိုတစ်ယောက်ထဲသွားကာ ရရာအစားအသောက်‌ တွေကိုရှာဖွေစားသောက်ပြီး ဗိုက်ဖြည့်ခဲ့ရတယ်။ အဲ့အချိန်တုန်းကမျိုးနွယ်စုကလည်းအစားရေစာရှားပါးမှုကြောင့်ဘယ်သူမှ၀၀လင်လင်မစားရဘဲ ကိုယ်ရဲ့သစ်ခေါင်းထဲမှာကိုယ် ဆောင်းခိုပြီးနေခဲ့ကြရတယ်။

သူရဲ့ မိဘတွေကသူအသက်၁၀နှစ်အရွယ်ကတည်းကသေဆုံးသွားခဲ့တာမလို့ သူကမျိုးနွယ်စုကမိဘမဲ့ကလေးတွေကိုထားတဲ့နေရာမှာသူနေခဲ့ရတယ်။ အဲ့မှာနေခဲ့ရတဲ့နေ့ရက် တွေက သူ့မိဘတွေနဲ့နေရတုန်းကလိုအစာကို၀၀လင်လင်မစားသုံးခဲ့ရဘူး။ မျိုးနွယ်စုကလူတွေအမဲလိုက်လို့ခွဲဝေပြီကျန်တဲ့ အရိုးတွေအသားစတွေ အူကလီစာ စတဲ့အစိတ်အပိုင်းတွေကိုပြုတ်ပြီးဗိုက်၀အောင်စားသောက်ခဲ့ရတယ်။ ‌ကလေးတော်တော်များများကတော့မသေရုံတမယ်ဘဲစားသောက်ရတာဖြစ်တယ်။

သူကတော့ ဘယ်သားရဲကိုဘယ်လိုအမဲလိုက်ရတယ် ဘယ်လိုထောင်ချောက်ဆင်ပြီးဖမ်းရတယ် သားရဲတွေရဲ့သဘောသဘာ၀တွေ ဘယ်အသီးအနှံကိုစားရတယ်မစားရဘူးဆိုတာတွေကို သူ့ရဲ့‌ မွေးအဖေနဲ့ အဖေက သင်ကြားပေးခဲ့တာမလို့ သူဗိုက်ကိုမ၀၀အောင်ဖြည့်နိုင်ခဲ့တယ်။

သူတုန်းကလို မျိုးနွယ်စုက ကလေးတွေ၀၀လင်လင်မစားသောက်ရမှာဆိုးလို့ သူဘာသာသူ သားကောင်တွေကိုအမဲလိုက်နိုင်တဲ့အချိန်ကတည်း အဲ့မိဘမဲ့ကလေးတွေကိုသူ့ဝေစုထဲကနေ အမြဲခွဲပေးဖြစ်တယ်။ပြီးရင် အားတဲ့အချိန်တိုင်း ဘယ်လိုအစားအသောက်တွေစားရင်ဗိုက်ပြည့်တယ်ဆိုတာကိုပါသူသင်ကြားပေးတဲ့အပြင် အမဲလိုက်နည်းတွေ၊ သားကောင်တွေရဲ့သဘောသဘာ၀တွေ၊ ထောင်ချောက်တွေကိုပါ သင်ကြားပေးခဲ့တယ်။ နည်းနည်းကြီးတဲ့ကလေးတွေဆိုရင် တိုက်ခိုက်နည်းတွေကိုပါသင်ကြားပေးခဲ့တယ်။

🦊မြေခွေးငပျင်းလေးနဲ့ သူ့ရဲ့ဒယ်ဒယ်နဂါးကြီး🐉🐉Tempat cerita menjadi hidup. Temukan sekarang