(12)

1K 122 1
                                    

ဇီလီနောက်ဆုံး အထဲကို၀င်ဖို့လုပ်လိုက်ပေမယ့် သူခန္ဓာကိုယ်က ညစ်ပတ်ပြီးနံ့စော်နေတယ်လို့ခံစားလိုက်ရတာမို့ ချောင်းစပ်နားမှာ ရေမိုးချိုးပြီကိုယ်လက်သန့်စင်ဖို့ဆုံးဖြတ်လိုက်တယ်။ ပြီတော့သူတို့နှစ်ယောက်တူတူစားလို့ရအောင် ချောင်းစပ်နားမှာ ငါးနဲ့ဖားအချို့ရှာဖို့လည်းဆုံးဖြတ်လိုက်တယ်။

ဇီလီသူ့ရဲ့သစ်ပင်နားကနေထွက်သွားပြီးမကြာခင်မှာ ဇီလီရဲ့သစ်ခေါင်းပေါက်ထဲမှာအိပ်ပျော်နေတဲ့ ယဲ့ချိုဟာရုတ်တရက်နိုးထလာခဲ့ပြီး ပတ်၀န်းကျင်ကိုသေချာအကဲကြည့်နေခဲ့တယ်။

"အားးး ငါ့ခေါင်း ခေါင်းကိုက်လိုက်တာ "
သူ့ခေါင်းကမခံမရပ်နိုင်အောင်ကိုက်ခဲလာတာကြောင့် ယဲ့ချို ပြန်ပြီးမေ့လဲသွားမလိုကိုဖြစ်နေတယ်။ဒီလက္ခဏက သူရဲ့တည်ရှိမှုကိုဒီကမ္ဘာကလက်မခံတာဖြစ်တယ်။ သူရဲ့စွမ်းအားကို မလျော့ချရင် သူ့ရဲ့ဝိညာဉ်ကိုဖိအားပေးပြီးပေါက်ကွဲသွားစေမှာဖြစ်တယ်။မြင့်တဲ့နေရာတစ်ခုကိုသွားပြီးဒီဖိအားကိုလျော့နည်းစေပြီး ပိုနေတဲ့စွမ်းအားကိုလျော့ချပစ်ရမှာဖြစ်တယ်။

ဒါကြောင့် သူသစ်ခေါင်းထဲကနေထွက်လိုက်ပြီး မြှင့်တဲ့နေရာဘယ်နေရာမှာရှိလဲဆိုတာကိုရှာလိုက်တယ်။သူတို့နဲ့အနည်းငယ်လှမ်းတဲ့နေရာမှာရှိတဲ့ အနည်းငယ်ကြီးတဲ့ ကျောက်နံရံကြီးတွေနဲ့ရှိနေတဲ့ ကျောက်တောင်ကိုလှမ်းမြင်လိုက်တာမို့သူအဲ့ကိုအစွမ်းကုန်ပြေးသွားလိုက်တယ်။

သူ့ရဲ့အရှိန်ကမြန်တာမလို့ ရွာအလယ်က စုပေါင်းမီးဖိုမှာဝိုင်း၀န်းစုဖွဲ့ထိုင်နေတဲ့ ရွာသားတွေတောင်ပြင်းထန်တဲ့ လေတိုက်သွားသလိုသာခံစားလိုက်ရတယ်။ဝါရင့်ပြီး အာရုံခံမှုအားကောင်းတဲ့အမဲလိုက်သမားအချို့သာတစ်စုံတစ်ခုဖြတ်သန်းသွားမှန်းသိလိုက်တယ်။ဒါပေမယ့်အဲ့ရာက ဖြတ်သန်းသွားတာသာဖြစ်ပီးသူ့တို့ကိုဒုက္ခမပေးနိုင်မှန်းသိတော့ အေးအေး‌ ဆေးဆေးနဲ့သူတို့အလုပ်ကိုသာဆက်လုပ်နေလိုက်တယ်။

ယဲ့ချို့သူတောင်ထိပ်ကိုရောက်တဲ့အချိန်သူ့ရဲ့ ပိုနေတဲ့အစွမ်းတွေကိုလျှော့ချပစ်ပြီးဒီကမ္ဘာနဲ့လိုက်လျောညီထွေဖြစ်အောင်ပြုလုပ်လိုက်ရတယ်။ဒီကမ္ဘာကသားရဲနတ်ဘုရားဆိုတဲ့အစောင့်အရှောက်ကောင်မသိအောင် နှစ်တစ်ထောင်ကြာပြီနောက်မှာသူဒုတိယအကြိမ်ခိုး၀င်တာဖြစ်တယ်။

🦊မြေခွေးငပျင်းလေးနဲ့ သူ့ရဲ့ဒယ်ဒယ်နဂါးကြီး🐉🐉Where stories live. Discover now