(14)

900 108 2
                                    

ဟေးမျှော်နေကြလား ဒီတလောအပျင်းတစ်နေတာ 🤣🤣🤣စာရေးရမှာကိုပျင်းနေတာ

ဇီလီအခုသူအရမ်းစိတ်လှုပ်ရှားနေတယ်။အကြောင်းအရင်းကတော့ သူ ယဲ့ချိုရဲ့ဂူရှေ့မှာရောက်နေလို့ဘဲ။ ဒါကြောင့် စိတ်လှုပ်ရှားနေတဲ့သူ့ရဲ့စိတ်ကို လေတစ်ချက်မှုတ်ပြီး လျော့ချလိုက်
ကာ ယဲ့ချိုရဲ့နာမည်ကိုအော်ခေါ်လိုက်သည်။

"ယဲ့ချို ယဲ့ချိုရေ "

သူခေါ်ပြီးတဲ့အထိအထဲမှာဘာလှုပ်ရှားမှုမှမတွေ့ရသေးဘူး ။ဒါကြောင့်သူနောက်တစ်ခေါက်ထပ်ခေါ်လိုက်တော့  အထဲကတိုးတိုးတိတ်တိတ်နဲ့စကားပြောနေတဲ့အသံကိုကြားလိုက်ရတယ် ။သူယဲ့ချို ရဲ့အသံလို့ထင်ပြီးနောက်တစ်ခေါက်ထပ်ခေါ်လိုက်တော့ အထဲကနေ ယဲ့ချိုရဲ့ ညီ ကကြမ်းကြမ်းတမ်တမ်းနဲ့ ဆဲဆိုပြီးအပြင်ကိုထွက်လာတာတွေ့လိုက်ရတယ်။

သူ့ကိုလည်းတွေ့ရော ချက်ချင်းမျက်နှာကအရုပ်ဆိုးသွား‌ ပေမယ့် ချက်ချင်း မျက်နှာကပုံမှန်အတိုင်းဖြစ်သွားတယ်။ပြီးတော့သူရဲ့တစ်ကိုယ်လုံးကိုသေချာ လိုက်ကြည့်နေတယ် ။တစ်စုံတစ်ခုကိုရှာသလိုမျိုးပေါ့။ ဘာမှမတွေ့တော့အဲ့ကောင်လေးရဲ့မျက်နှာကထပ်ပြီးရုပ်ပျက်သွားပြန်တယ်။ဒါပေမယ့့် သူ့ကိုသူရုပ်မပျက်‌ အောင်ထိန်းထားလိုက်တဲ့ပုံစံကိုဇီလီတွေ့လိုက်ရတယ်။ဒီလိုမျိုးကြောင့် ယဲ့ချိုနဲ့ ယဲ့ချိုရဲ့ညီ ယဲ့ရန်ရဲ့ကွာခြားချက်ကိုသူသိလိုက်ရတယ်။

အဲ့ဒါ တွေ့ကတစ်ခနအတွင်းဖြစ်ပျက်သွားပေမယ့် ဇီလီကတော့အဲ့အမူအရာ‌ တွေကိုမြင်လိုက်ရတာမို့ ယဲ့ရန်သူ့ကိုမနှစ်မြိုဘူးဆိုတာကိုသိလိုက်ရတယ်။ပြီးတော့သူဆီမှာဘာမှမပါတဲ့အတွက်ကြောင့်ဆိုတာကိုလည်းသူသိလိုက်ရတယ်။

"အော်  အကို ဇီလီဘဲ ဘာလာလုပ်တာလဲ " ယဲ့ရန် သူ့ရဲ့ ပုံမှန်အပြုံးနဲ့ပြုံးပြီးမေးလိုက်ပေမယ့် ဇီလီရဲ့မျက်လုံးထဲမှာ သူရဲ့အပြုံးကအကျည်းတန်နေတယ်ဆိုတာကိုသူမသိလိုက်ပေ။ဒါပေမယ့်အဲ့ကိစ္စကိုဇီလီဘာမှမဖြစ်သလိုမျိုးကျော်သွားလိုက်ပြီးသူရဲ့လာရင်းကိစ္စကိုဆက်လိုက်သည်။

🦊မြေခွေးငပျင်းလေးနဲ့ သူ့ရဲ့ဒယ်ဒယ်နဂါးကြီး🐉🐉Where stories live. Discover now