(10)

1K 125 2
                                    

"ဘာဘဲဖြစ်ဖြစ်ပါလေ  များများစုဆောင်းထားလိုက်ရင်တော့ အားလုံးဆောင်းတွင်းမှာ၀၀လင်လင်စားရတာပေါ့ " ခေါင်းဆောင်ကပြောလိုက်တယ်။

"လွန်ခဲ့တဲ့ သုံးလက ကျနော်တို့တောထဲသွားပြီးအသီးအရွက်ရှာတုန်းကရခဲ့တဲ့မြေအောက်ဥတွေလေ အဲ့ဥတွေကအခုထိခံသေးတာကိုကျနော်မနေ့ကတွေ့ခဲ့တယ်။" ချန်းမိုကပြောလိုက်တယ်။

"ငါတို့ပြုတ်စားခဲ့တဲ့ဥတွေလား ချိုတဲ့အရသာရှိတယ်လေ"
နတ်ဆရာကြီးကတောက်ပတဲ့မျက်၀န်းတွေနဲ့အားတတ်သရောမေးလိုက်တဲ့ပုံကြောင့်အားလုံးကရယ်လိုက်ကြတယ်။အားလုံးက သူ့ရဲ့အမေးကိုရယ်လိုက်တာလဲတွေ့ရော သူ့ရဲ့ခေါင်းကိုသူကုတ်လိုက်ပြီး သူပါလိုက်‌ေရာပြီးလိုက်ရယ်လိုက်တယ်။

ချန်းမို က ရယ်နေတာကိုအမြန်လက်စသက်လိုက်ပြီးပြုံးတုံးတုံးနဲ့ပြန်ဖြေလိုက်တယ်။
"ဟုတ်ပါတယ် အဲ့ဥတွေပါဘဲ ။အဲ့မြေအောက်ဥတွေကအရသာရှိတဲ့အပြင် နှစ်လုံးသုံးလုံးလောက် အသားနဲ့ရောစားလိုက်ရင်ဗိုက်ပြည့်လွယ်တယ်တဲ့အတွက်အသားကိုလည်းခြွေတာရာရောက်တယ်လေ။ဒါကြောင့် ကျ‌နော်စဉ်းစားမိတာတစ်ခုရှိတယ် အဲ့ဥတွေကိုအခုကတည်းက ကျနော်တို့လိုက်စုဆောင်းထားရင် ဆောင်းတွင်းအတွက်အဆင်ပြေလောက်တယ် အဲ့လိုလိုက်စုဆောင်းဖို့အတွက်ကျနော်တို့အဖွဲ့ကသားရဲတစ်ပိုင်း‌ေလးတွေကိုအသုံးပြုသွားမှာပါ"

ချန်းမိုရဲ့အစီအစဉ်ကိုကြားလိုက်တာနဲ့ အားလုံးကခေါင်းတငြိမ့်ငြိမ့်နဲ့တွေးလိုက်ကြတယ်။ခနနေတော့ နတ်ဆုရာကြီးဆီကနေစကားသံထွက်ပေါ်လာခဲ့တယ်။
"မဆိုးဘူး အဲ့အစီအစဉ်အရမ်းကောင်းတယ် ဒါပေမယ့် မြေအောက်ဥတွေစုဆောင်း ဖို့သွားတဲ့နေ့က သားရဲလူသားတွေအမဲမလိုက်တဲ့နေ့ဖြစ်ရမယ်။  ဒါမှမင်းတို့ကိုသားရဲလူသားတွေကကာကွယ်ပေးနိုင်မှာ ။ သားရဲလူသားတွေကမင်းတို့ကိုကာကွယ်ပေးမှာဆိုတော့ မင်းတို့အန္တရာယ်ဖြစ်မှာစိုးရိမ်စရာမလိုတော့တဲ့အပြင် မင်းတို့လည်းစိတ်ချလက်ချနဲ့ မြေအောက်ဥတွေကိုတူးနိုင်ပြီပေါ့။ ပြီးတော့ သူ့တို့ကိုပါအလုပ်ကူလုပ်ခိုင်းလိုက် ဒါဆိုပိုပြီးတောင်အလုပ်‌ေတွမြန်မြန်ပြီးသွားအုံးမယ်"

🦊မြေခွေးငပျင်းလေးနဲ့ သူ့ရဲ့ဒယ်ဒယ်နဂါးကြီး🐉🐉Tempat cerita menjadi hidup. Temukan sekarang