(6)

1.4K 179 4
                                    

တရန် ကတော့ သူကင် နေတဲ့ ရစ်ငှက်အသားကြောင့် ဘာတွေဖြစ်သွားလဲဆိုတာမသိခဲ့ဘူး။

ဒီတစ်ခေါက်သူ့ရဲ့ကျင့်ကြံမှုကတော်တော်အားရ‌ ကျေနပ်စရာဘဲ။သူစုပ်ယူလိုက်တဲ့ဝိညာဉ်ချီတွေကတော်တော်များတဲ့အတွက် ဒဏ်ရာ တစ်၀က်လောက်ကိုပျောက်အောင်ကုသပေးနိုင်လိုက်တယ်။

သူကျက်သွားတဲ့ရစ်ငှက်အသားကိုတွင်းထဲကနေထုတ်ယူလိုက်ပြီး စားသောက်ဖို့ပြင်လိုက်တယ်။

"ဒီနားမှာ ရစ်ငှက်တွေကလည်းသိပ်မရှိတော့ဘူး။ ငါနောက်တစ်ခေါက် အစာရှာမယ်ဆိုရင် ဒီမြက်ခင်းပြင်ရဲ့အပြင်ဘက်ကိုထွက်ရတော့မယ်ထင်တယ်။ ငါ့ခန္ဓာကိုယ်ရဲ့ဒဏ်ရာကလည်းတစ်၀က်လောက်ဘဲသက်သာသေးတယ်။ ဒီမြက်ခင်းရဲ့အပြင်မှာရှိတဲ့တောအုပ်ကလည်းတော်တော်အန္တရာယ်များတဲ့ပုံပဲ။ ငါ့ဒဏ်ရာကိုမြန်မြန်သက်သာအောင် ၃ရက်ဆက်တိုက်ကျင့်ကြံမှဖြစ်မယ်"

                  .......................................
ဒီနေ့မှာ ရှင်းရှုမျိုးနွယ်စုကလူတွေ  ဂိတ်၀မှာစုပြုံနေကျပြီ အရှေ့ဘက်ကတောအုပ်ကိုမျှော်မျှော်ကြည့်နေကြတယ်။

သားရဲတစ်ပိုင်းလူသားလေးတစ်ယောက်က သူဘေးမှာရှိတဲ့သူ့သူငယ်ချင်းကို
"ဟဲ့ဒီနေ့ ဇီလီတို့အရင်ပြန်လာမယ်လို့ငါသတင်းကြားတယ် "

"ဟုတ်တယ်။ ရိက္ခာတွေကိုအောင်အောင်မြင်မြင်နဲ့လှဲနိုင်ခဲ့တယ်တဲ့"

"ဇီလီကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ဒီလို အလုပ်ကြီးတွေကိုလုပ်ကိုင်ပေးနိုင်နေပြီ"

"ဇီလီကလေ အရွယ်ရောက်လေ ပိုချောမောခန့်ညားလာလေဘဲ ။ငါဇီလီအတွက် ကလေးလေးတစ်ယောက်လောက်မွေးပေးချင်လိုက်တာ"

"ငါလည်းဇီလီအတွက် ကလေးတစ်ယောက်မွေးပေးချင်တယ်"

"ဇီလီတင်မကပါဘူး ဇီလီနဲ့အတူပါသွားတဲ့အဖွဲ့ခေါင်းဆောင်ကလည်းအရမ်းခန့်ညားပါတယ်ဟ"
" တိုမီ ကိုပြောတာလား ။ တိုနီ ကိုပြောတာလား"

"ငါကအမွှာနှစ်ယောက်လုံးကိုပြောတာ ။သူတို့နှစ်ယောက်လုံးကမိတ်ဖက်မရှိသေးဘူးတဲ့။

"ငါကတော့ သူတို့နှစ်ယောက်နဲ့ဘဲမိတ်ဖက်ချင်တယ်"

သားရဲတစ်ပိုင်းလူ‌ငယ်လေးတွေတင်မကဘူး ကလေးတွေကပါဇီလီရဲ့အကြောင်းကိုတစ်ယောက်တစ်ပေါက်ပြောဆိုနေကြတယ်။
" ကိုကြီးဇီလီက အရမ်းတော်ပြီး ခွန်အားလည်းကြီးတယ်ကွ"
"ကိုကြီးဇီလီရဲ့သားရဲပုံစံကိုငါအရမ်းကြိုက်တယ်။"
"ငါတို့အပေါ်လည်းအရမ်းကောင်းတယ်"
"သူဟာသူအမဲလိုက်လို့ရတဲ့ သားကောင်တွေဆိုရင် ငါတို့ကိုလည်းခွဲပေးလေ့ရှိတယ်"

🦊မြေခွေးငပျင်းလေးနဲ့ သူ့ရဲ့ဒယ်ဒယ်နဂါးကြီး🐉🐉Where stories live. Discover now