(13)

985 115 5
                                    

အမလေး ဒေတာဈေးတွေ ဒေတာဈေးတွေမျက်ရည်တောင်ကျတယ်😢😢

"ဟေး ဇီလီ အထဲမ၀င်ဘဲ ဘာရပ်လုပ်နေတာလဲ " ဟိုရန်ပထမကတော့ စကားစမြည်းပြောဖို့လုပ်လိုက်တာသာဖြစ်တယ်။ ဒါပေမယ့် သူ့ဘက်ကိုလှည့်လာတဲ့ဇီလီရဲ့မျက်နှာပုံစံကိုမြင်လိုက်ရတာမလို့ သူ့စိတ်ပူပြီးအနားကိုသွားလိုက်သည်။သူ အနားကိုရောက်တော့ဇီလီရဲ့ ၀မ်းနည်းပြီးညိုးငယ်နေတဲ့ပုံစံကြောင့် တစ်ခုခုအဆင်မပြေဖြစ်နေလားဆိုပြီး မေးမြန်းလိုက်သည်။

"ဇီလီတစ်ခုခုဖြစ်လို့လား အကိုဘာလုပ်ပေးရမလဲ မင်းအဆင်မပြေတာရှိရင်အကိုကိုပြောပြလို့ရတယ်နော် တစ်ယောက်ထဲမြိုသိပ်မထားနဲ့"

ဇီလီသူ့ရဲ့အကို၀မ်းကွဲရဲ့မျက်နှာကိုတစ်ချက်ကြည့်လိုက်ပြီးအကြည့်လွဲလိုက်ကာ

"ဘာမှမဖြစ်ပါဘူး ဒီတိုင်း‌ ပင်ပန်းနေလိုပါ"

ဇီလီပြောလိုက်တဲ့စကားကြောင့် ဟိုရန် ဒီနေ့မှဇီလီ ဆားလှဲလယ်ရေးကပြန်ရောက်လာမှန်းသတိရလိုက်သည်။
သူလည်းပင်ပန်းနေရောပေါ့ နားချင်ရှာမှာဘဲ လိုသူတွေးလိုက်တယ်။

"ဇီလီမင်းအထဲ၀င်ပြီးအနားယူလိုက်တော့လေ။ဒါဆိုငါလည်းသွားတော့မယ် ။ မင်းတစ်ခုခုစားပြီးပြီးလား ။မစားရသေးရင် ငါအသားကင်ထားတာပိုနေသေးတယ်။ ခန ငါသွားယူပေးမယ်မင်းအတွက်" ဟိုရန် ဇီလီအတွက်အသားကင်သွားယူဖို့သူ ရဲ့သစ်ပင် ဆီကိုသွားလိုက်ပေမယ့်

"ကျနော် ငါးဖမ်းလာတယ်အကိုဟိုရန် ငါးကင်ပြီးစားလိုက်မယ် အသားကင်သွားယူမ နေနဲ့တော့"

ဇီလီက ဟိုရန်ကိုလှမ်းတားလိုက်ပြီး သူ့အတွက်သွားမယူဖို့ပြောလိုက်ပေမယ့် ဟိုရန်ကတော့သူသစ်ခေါင်းထဲမှာရှိနေတဲ့ ရဲ့စဲကို အသားကင်တစ်ပိုင်းယူပေးဖို့ပြောလိုက်တယ်။ ဟိုရန်အသားကင်ကို ယူလာပြီး ဇီလီကိုပေးလိုက်ပေမယ့် မယူလို့လက်ကိုဆွဲယူကာ လက်ထဲကိုထဲပေးလိုက်ပြီး

"ငါးသွားကင်မနေနဲ့တော့ အားပြန်ပြည့်သွား‌အောင်အသားစား  ပြီးရင်အိပ်ပြီးအနားယူလိုက်တော့ ကြားလား စားဖြစ်အောင်စားလိုက်နော် ။ဪဒါနဲ့ ခုနက ငါအသားသွားမကင်ခင်မှာ ယဲ့ချိုကိုမင်းသစ်ပင်‌ ရှေ့မှာရပ်နေတာမြင်လိုက်သေးတယ်။ မင်းကိုလာရှာတာထင်တယ်"

🦊မြေခွေးငပျင်းလေးနဲ့ သူ့ရဲ့ဒယ်ဒယ်နဂါးကြီး🐉🐉Where stories live. Discover now