(4)

1.6K 181 3
                                    

ခေါင်းဆောင်က မက်စ်ရယ်  ထရို ရယ်ကို ခေါ်ပြီး heterodontosaurus သုံးကောင်ကို ဘယ်လိုအမဲလိုက်မလဲတိုင်ပင် ဆွေးနွေးလိုက်တယ်။ ဆွေးနွေးတိုင်ပင်ပြီးတဲ့နောက်မှာ တစ်ဖွဲကို Heterodontosaurus တစ်ကောင်စီ အမဲလိုက်ဖို့  တာ၀န်ခွဲပေးလိုက်တယ်။
သုံးဖွဲ့စလုံး သူတို့ရဲ့ခန္ဓာကိုယ်ကို  ရွံတွေနဲ့သုပ်လိမ်းကာအနံ့ဖျောက်‌လိုက်ကြပြီး  သားကောင်တွေနားကိုသွားလိုက်ကြတယ်။သားကောင်နားကိုရောက်တာနဲ့ ချုံတွေထဲကို  တိုး၀င်ပြီးပုန်းအောင်းလိုက်ကြတယ်။

မက်စ်ရဲ့ သားရဲ့ပုံစံက ကျားတစ်ကောင်ဖြစ်တဲ့အတွက်လျင်မြန်ပြီးသွက်သွက်လပ်လပ်ရှိတဲ့အတွက်  သားကောင်သူနားကိုရောက်လာတာနဲ့ခုန်အုပ်ပြီး သူ့ရဲ့အစွယ်တွေနဲ့ သားကောင်ရဲ့လည်ပင်းကိုကိုက်ခဲထားလိုက်တယ်။
သားကောင်ကအစပိုင်းမှာရုန်းကန်နေသေးပေမယ့်ခနကြာပြီးတဲ့နောက်မှာတဖြည်းဖြည်းနဲ့ငြိမ်သက်သွားတော့တယ်။အဲ့ခါမှ မက်စ်လည်း သူကိုက်ခဲထားတဲ့သားကောင်ရဲ့လည်ပင်း
ကိုလွတ်ပေးလိုက်ပြီး လူသားပုံစံပြန်ပြောင်းလိုက်တယ်။

"သယ်သွားပြီး ဟိုနားကနေ ခေါင်းဆောင်နဲ့ ထရိုကိုသွားစောင့်ရအောင်"

ထရိုတို့အဖွဲ့ကရေသောက်ဖို့သွားတဲ့Heterodontosaurus
တစ်ကောင်ရဲ့နောက်ကိုလိုက်သွားခဲ့တဲ့အတွက် ခေါင်းဆောင်
ပြန်ရောက်လာခဲ့တာတောင်သူတို့က ပြန်မလာသေးဘူး။

"မက်စ် ထရိုတို့အဖွဲ့ပြန်မရာက်သေးဘူးလား"
"ပြန်မရောက်လာသေးဘူးခေါင်းဆောင်" 
ချန်းရဲ့  ရဲ့အေးစက်တင်းမာတဲ့မျက်နှာဟာ စိုးရိမ်ပူပန်မှုကြောင့်တစ်ဖြည်းဖြည်းမျက်နှာပျက်လာခဲ့ပြီး  

"ငါတို့ခနလောက်ထပ်စောင့်ရအောင် အဲ့ချိန်မှမရောက်လာရင် သူတို့ကိုရှာရအောင်။"

"ဟုတ် ကဲ့"  လို့သာပြောလိုက်ရပေမဲ့မက်စ်  ထရိုကိုလုံး၀စိတ်ပူနေတယ်။
တစ်ဖက်မှာထရိုတို့အဖွဲ့ကလုံး၀မွှေးကြိုင်နေတဲ့အနံ့လေးရဲ့ဆွဲဆောင်မှုကိုခံနေရတယ်။ အနံ့မွှေးမွှေးလေးရဲ့‌အနံ့နောက်ကိုလိုက်လာမိတာမို့ စုရပ်နဲ့‌ တောင်နည်းနည်းဝေးနေ ပြီ။ဒီကနေရှေ့ဆက်သွားရင်  လုံး၀တောနက်ကြီထဲကိုရောက်တော့မှာဖြစ်တယ်။

🦊မြေခွေးငပျင်းလေးနဲ့ သူ့ရဲ့ဒယ်ဒယ်နဂါးကြီး🐉🐉Where stories live. Discover now