(2)

2.1K 222 1
                                    

ဒီကိုဘာလိုသူရောက်မှန်းမသိပေမဲ့လည်းသူ့အတွက်တော့အခက်အခဲသိပ်မရှိပါဘူး။ပြောရမယ်ဆိုရင် ဒီမှာဝိညာဉ်ချီတွေသိပ်ပေါတယ် ။ဘာကိစ္စမှသူ့မှာမဖြစ်ပျက်ခဲ့ရင် နောက်နှစ်လလောက်ဆို လူသားပုံစံပြောင်းနိုင်လောက်ပြီးဖြစ်တယ်။
ဟိုမြွေကြောင့်သာသူဒဏ်ရာမရထားရင်ပိုပြီးမြန်လောက်တယ်။လောလောဆယ်တော့ မြေခွေးပုံစံနဲ့ကအခက်အခဲရှိတယ်။

ဒါပေမဲ့တစ်ခုကောင်းတာကဒီမှာရှိတဲ့အစားအသောက်တိုင်းကလည်းအရသာသိပ်ရှိတယ်။အပင်စွမ်းရည်ကိုသုံးပြီးစိုက်ပျိုးတဲ့ အသီးအနှံ့တွေထက်ပိုကောင်းတယ်လိုပြောရမယ်။ဒီအစားအသောက်တွေကဝိညာဉ်ချီတွေပါ၀င်လို့ ဝိညာဉ်ချီကိုစုပ်ယူပြီးဒဏ်ရာတွေကုသတာမှာ ချီတွေကိုသိပ်သုံးစရာမလိုတော့ သူခန္ဓာကိုယ်ကမြန်မြန်သန်မာပြီးကြံခိုင်လာတာပေါ့။

ဒီကအစားအသောက်တွေကဘယ်လောက်အရသာရှိရှိသူအဝေးကြီးကိုမသွားနိုင်သေးဘူး။ဒီနားလေးမှာရှိတဲ့အစားအသောက် ၄မျိုးလောက်ကိုပဲသူစားနေရတာ ရစ်ငှက်ကလွဲပြီးကျန်တဲ့၃မျိုးကမကြာခင်ကုန်တော့မယ်။စွမ်းအင်သုံးပြီးစိုက်ပျိုးလို့ရပေမယ့်  သူစွမ်းအင်ကိုအဲ့နေရာမှာအသုံးမပြုချင်ဘူး။သူမြန်မြန်ကျင့်ကြံပြီးစွမ်းအင်စုဆောင်းနိုင်လေ သူလူသားပုံစံပြောင်းနိုင်လေပဲ။အဲ့ခါတော်တော်များများကိုသူကြောက်စရာမလိုပဲ ဒီကမ္ဘာမှာရှိသမျှအစားကောင်းလေးတွေကိုစားနိုင်ပြီလေ။

ဟိုနေ့ကမြွေကြီးလိုပဲ သူ့ကိုသတ်နိုင်တဲ့တောကောင်တွေကတောထဲမှာအများကြီးရှိသေးတယ်။သူရောက်လာပြီးကတည်းကမြွေကြီးနဲ့တွေ့တာဆိုရင် ၃ခေါက်ရှိပြီး။ရစ်ငှက်တွေက‌ မြွေကြီးရဲ့အစာလေ အဲ့တာကိုတရန်က ရစ်ငှက်‌တွေကိုဖမ်းတော့ သူ့ကိုရန်သူလိုသဘောထားပြီးအသေကိုလိုက်သတ်နေတာ။

သူအပြင်ကိုလှမ်းကြည့်လိုက်တော့ ပတ်၀န်းကျင်ကပုံမှန်အတိုင်းပဲဖြစ်နေပြီး ဘာမှထူးခြားမှုမရှိဘူး။ဒါပေမယ့်သိပ်ကိုတိတ်ဆိတ်လွန်းနေတာတော့တစ်ခုခုမဟုတ်သေးသလိုပဲ။ဒါကြောင့်သူစိတ်စွမ်းအင်ကိုထုတ်လွှတ်ပြီအာရုံခံလိုက်တော့ဒီအနီးတစ်ဝိုက်မှာမူမမှန်တာမရှိဘဲအကုန်သက်သောင့်သက်သာပဲ။

🦊မြေခွေးငပျင်းလေးနဲ့ သူ့ရဲ့ဒယ်ဒယ်နဂါးကြီး🐉🐉Where stories live. Discover now