(9)

1.1K 145 2
                                    

နတ်ဆရာကသူ့ရဲ့ခေါင်းကိုအသာလေး ပုတ်ပေးနေတာနဲ့ သူ့အတွက်စိတ်ပူပြီးပြောပေးနေတာတွေကြောင့် သူ့ရဲ့စိတ်ထဲမှာနွေးထွေးသွားတယ်။ ဒါပေမယ့်နောက်ဆက်ပြောလာတဲ့ ဆက်ခံသူဆိုတဲ့စကားကြောင့် သူဒီနေရာကိုလာမိတာတောင်မှားသွားသလိုခံစားလိုက်ရတယ်။
နတ်ဆရာက သူ့ရဲ့ဆက်ခံသူဖြစ်စေချင်တာကိုသူသိနေပေမယ့် သူကတိုက်ခိုက်ရတာ အမဲလိုက်တာတွေကိုဘဲပျော်မွေ့တယ်။ဒါကြောင့်သူ နတ်ဆရာ ပြောထားတဲ့ ဆက်ခံသူကိစ္စကိုမသိချင်ယောင်ဆောင်ပြီ ဆားလှဲလှယ်ရေးအဖွဲ့နောက်ကိုလိုက်သွားခဲ့တာဖြစ်တယ်။

သူရဲ့တပည်ကြီးမျက်နှာရှုံ့မဲ့သွားတာကို‌ေတွ့လိုက်တဲ့နတ်ဆရာကရယ်လိုက်ပြီ
"မင်းနတ်ဆရာမလုပ်ချင်ဘူးဆိုတာငါသိတယ် ဒါကြောင့်"
သူစကားကိုတစ်ပိုင်းတစ်စရပ်တန့်လိုက်ပြီး တပည်ကြီးဇီလီရဲ့မျက်နှာအခြေအနေကိုအရင်အကဲခတ်လိုက်တယ်။ သူ့တပည်ကျော်ကြီးစိတ်၀င်တစားနဲ့နားထောင်နေတာမြင်လိုက်တော့သူ့ရဲ့စကားကိုဆက်လိုက်တယ်။

"  မင်းလိုဉာဏ်ကောင်းပြီးအတတ်မြန်တဲ့ကလေး မရှိဘူး ။ဒါကြောင့် ငါဆုံးဖြတ်လိုက်တာက အဲ့လိုကလေးမျိုးကို မင်းကိုရှာခိုင်းဖို့ဘဲ  "

"အဲ့တာကတော့ " ဇီလီ ဒီကိစ္စကမဖြစ်နိုင်မှန်းကိုသိနေတယ် ။သူကအတတ်မြန်တယ်ဆိုတာ သူအငယ်ကတည်းက သူ့ မွေးအဖေကသူ့သိသမျှတတ်သမျှ တော်တော်များများကို သူ့ကိုသင်ကြားပြသပေးခဲ့လို့ဖြစ်တယ်။ ဒါကြောင့်သူနတ်ဆရာဆီရောက်တဲ့အခါ သူ့အတွက် နတ်ဆရာသင်ပေးတာတော်တော်များများကလွယ်ကူနေခဲ့တာဖြစ်တယ်။

" မင်းရှာနိုင်မှာပါ မင်းက ကလေးတွေနဲ့အမြဲထိကပ်နေပြီ သင်ကြားပြသပေးနေတာကိုငါ‌ တွေ့နေရတာဘဲ ဒါကြောင့်အဲ့ကလေးတွေထဲက ဉာဏ်ကောင်းပြီးသင်ယူနိုင်မယ့်ကလေးအချို့ကိုမင်းရွေးထုတ်လိုက်လေ" တစ်ချိန်လုံးငြိမ်ပြီးနားထောင်နေခဲ့တဲ့ ခေါင်းဆောင်ကပြောလာခဲ့တာမို့ ဇီလီမှာငြင်းလို့မရတော့ဘူး ဒါကြောင့်ခေါင်းသာငြိမ့်ပြလိုက်ရတယ်။

'ငါအချို့ ဉာဏ်ကောင်းပြီး သင်ယူလိုစိတ်ရှိတဲ့ကလေးတွေကို သိသင့်သိထိုက်တာ ဒီအတောအတွင်းမြန်မြန်သင်ပေးလိုက်ရင်တော့အခက်အခဲရှိမှာမဟုတ်တော့ဘူး'လို့ဇီလီတွေးလိုက်တယ်။

🦊မြေခွေးငပျင်းလေးနဲ့ သူ့ရဲ့ဒယ်ဒယ်နဂါးကြီး🐉🐉Where stories live. Discover now