(17)

865 108 3
                                    


"ဇီလီ ငါတို့ကအသက်ငယ်သေးတယ်လေ မိတ်ဖက်ပွဲကိုမြန်မြန်လုပ်ဖို့မလိုသေးပါဘူး "

ယဲ့ချိုရဲ့စကားကြောင့် ဇီလီသူ့ရဲ့ရင်တွေကွဲသွားသလိုခံစားလိုက်ရတယ်။ပြီတော့ သူ့စိတ်တိုလာတာမို့ သူ့ရဲ့သွားတွေကိုကြိတ်ပြီးသွားကြားထဲကထွက်လာတဲ့အသံနဲ့ မေးလိုက်သည်။

"ဘာကိုပြောချင်တာလဲယဲ့ချို"

ဇီလီရဲ့အသံကရုတ်တရက်ကြောက်ဖို့ကောင်းလာတာမလို့ ယဲ့ချိုအလိုလိုနောက်ကိုခြေတစ်လှမ်းဆုတ်မိသွားတယ်။သူထင်တာကဇီလီကသူပြောလိုက်တဲ့စကားကြောင့်အရမ်း၀မ်းနည်းသွားပြီး သူကိုဒူးထောက်ပြီးမိတ်ဖက်ပွဲကိုလုပ်ဖို့ သူ့ကိုမထားခဲ့ဖို့ ခခယယနဲ့တောင်းပန်နေရမှာလေ။ဇီလီကသူ့ကိုအရမ်းချစ်တာလေမဟုတ်ဘူးလား။

သူဇီလီကိုကြည့်လိုက်တော့နီရဲနေတဲ့မျက်လုံးတွေနဲ့သူ့ကိုစိုက်ကြည့်နေတာကိုတွေ့လိုက်ရပေမယ့်သူကိုသူအားတင်းပြီး ဇီလီနဲ့မျက်လုံးချင်းဆုံအောင်ထပ်ကြည့်လိုက်တယ်။သူအရင်ဘ၀ကဆိုရင် ဇီလီကိုကြောက်မှာဖြစ်ပေမယ့် အခုဘ၀မှာတော့ ဟိုလူဆီကနေသူရလိုက်တဲ့နည်း‌ေတွအတိုင်းကျင့်ကြံ
လိုက်ရင် သူကသားရဲလူသားတွေထက်တောင်အင်အားကြီသွားနိုင်တယ်။

ဇီလီဆိုစကားထဲတောင်ထည့်ပြောစရာမလိုဘူး။
အဲ့တာကြောင့်အခုချိန်မှာသူဇီလီကိုမကြောက်တော့ဘဲ သူရဲ့ခုနကစကားကိုသေချာအောင်ထပ်ပြောလိုက်တယ်။

"ဇီလီ ......မင်းငါနဲ့တစ်သက်လုံးနေချင်တယ်ဆိုတာသေချာပြီလား သားရဲနတ်ဘုရားဆီမှာ မိတ်ဖက်ဖို့တောင်းဆိုပြီးရင် အဲ့မိတ်ဖက်ပွဲကိုလုပ်ကိုလုပ်ရတော့မှာ ပြီရင် တစ်ဖက်က လူ မသေဆုံးသရွေ နောက်တစ်ယောက်ကအခြားသူတွေနဲ့အတူနေထိုင်လို့မရဘူးနော် ။ မင်းကအခုမှ ၁၇နှစ်ဘဲရှိသေးတာ။ ငါတို့နှစ်တွေအကြာကြီးအသက်ရှင်သွားကြရမှာလေ တကယ်လို့ မင်း"

"ငါမင်းနဲ့အတူနှစ်တွေအကြာကြီနေသွားချင်တာသေချာတယ်"
ဇီလီက ယဲ့ချိုရဲ့စကားမ‌ ဆုံးခင်မြန်မြန်ဖြတ်ပြောလိုက်တယ်။သူညနေရေချိုးတုန်းကအေးတယ်လို့မခံစားရဘူး။အခုရေ‌စိုနေတော့လည်းအေးတယ်မခံစားရဘူး။ဒါပေမယ့်အခုတော့သူတစ်ကိုယ်လုံးကအေးစက်လာခဲ့တယ်။ယဲ့ချိုရဲ့စကားတွေကြောင့်ပေါ့။

🦊မြေခွေးငပျင်းလေးနဲ့ သူ့ရဲ့ဒယ်ဒယ်နဂါးကြီး🐉🐉Where stories live. Discover now