(11)

1.1K 143 4
                                    

အခု တရန် ဗိုက်ဖြည့်ဖို့ အတွက်ရစ်ငှက်တွေရှိတဲ့မြက်ခင်းပြင်နားကိုရောက်နေတာဖြစ်တယ်။ သူ့ရဲ့အမြန်နှုန်း‌ တိုးလာတာကြောင့်ဒီနေရာကိုရောက်ဖို့ ခနလေးသာပြေးလွှားလာရတာဖြစ်တယ်။သူ့ရဲ့အမြန်နှုန်းကြောင့်သူ့ကိုသူပိုအံ့ဩနေရတယ်။သူမြက်ခင်းပြင်ကိုရောက်တဲ့အခါ လုပ်နေကြအတိုင်း ရစ်ငှက်တွေ့ရဲ့အသံလှုပ်ရှားမှုတွေကိုအာရုံစိုက်လိုက်တော့အရင်ကထက်ပိုပြီးသူရဲ့အကြားအာရုံက ထက်မြက်နေတာကိုသူထပ်တွေ့လိုက်ရပြန်တယ်။ ဒါကြောင့်သူအနံ့ခံကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့အာရုံနဲ့စိတ်ကို အနံ့ခံတဲ့နေရာမှာအာရုံစိုက်လိုက်တော့ ပတ်၀န်းကျင်မှာပျံနှံ့နေတဲ့အနံ့တော်တော်များများကိုသူအာရုံခံနိုင်ခဲ့တယ်။

'အမြင်အာရုံကိုစမ်းသပ်ကြည့်မှဘဲ ပြောလို့မရဘူး ဖောက်ထွင်းမြင်ရင်မြင်‌ေနရမှာ  'သူပတ်၀န်းကျင်ကိုအားစိုက်ပြီးမျက်လုံးနဲ့ဟိုဟိုဒီဒီလိုက်ကြည့်ပေမယ့်အရင်အတိုင်းပါဘဲ ဘာမှသိပ်မထူးခြားဘူး။
' ကြည့်ရတာ ညဘက်မှမြင်ရမှာထင်တယ် ။ဪမြေခွေးတစ်ကောင်ရဲ့ ထူးခြားတဲ့ အရာတွေကဒီလိုကိုအရမ်းမိုက်တာဘဲ။ '

သူဟိုဟိုဒီဒီစဉ်းစားနေတုန်း သူ့ရဲ့ဗိုက်ကတစ်ဂွီဂွီနဲ့အသံမြည်လာခဲ့တယ်။

'စဉ်းစားနေတာတွေရပ်ပြီးငါ့ရဲ့ဗိုက်ကိုအရင်ဖြည့်ရမယ်'

တရန်သူ့ရဲ့ရစ်ငှက်တွေဖမ်းဖို့အလုပ်ကိုပြန်အာရုံစိုက်လိုက်ပြီးရစ်ငှက် အုပ်စုနဲ့သင်းကွဲဖြစ်နေမယ့်အကောင်တွေရဲ့အသိုက်ရှိမယ့်နေရာကိုထပ်ပြီး အာရုံစိုက်လိုက်တော့ သူနဲ့အနီးမဝေးနေရာမှာ သူ့ခန္ဓာကိုယ်ထက်သုံးဆလောက်ရှိမယ့်အကောင်တစ်ကောင်ကအသိုက်ထဲမှာရှိနေတယ်။

'အိုး ကြီးလိုက်တဲ့ရစ်ငှက်ကြီးပါလား ဒီကောင်ကိုသာငါဖမ်းမိလို့ကတော့နှစ်ရက်စာလောက်စားလို့ရတယ်ဆိုတော့ ငါကျင့်ကြံဖို့အချိန်ပိုရလာနိုင်တယ်။ဒီအကောင်ကိုသာကင်စားလိုက်ရရင်တော့ဘယ်လောက်တောင်ကောင်းမလဲ၊အာလူးနဲ့လည်းနှပ်ပြီးစားချင်လိုက်တာ၊စွတ်ပြုတ် လေးပြုတ်ပြီးသောက်လိုက်ရရင်လည်းမဆိုးပါဘူး၊ ခုတ်ထစ်ပြီးငရုတ်သီးခြောက်လေးနဲ့စပ်စပ်လေးကြော်စားလိုက်ရရင်တော့ ဂလု ဂလု'

🦊မြေခွေးငပျင်းလေးနဲ့ သူ့ရဲ့ဒယ်ဒယ်နဂါးကြီး🐉🐉Wo Geschichten leben. Entdecke jetzt