"ဦးရှောင်းက.ခရီးပမ်းလာတာလေ မားရယ်"

"အဲ့တာပဲကြည့်တော့ Mr.xiaoရေ..သားက ကလေး
လိုပဲ.သူဖြစ်ချင်တာပဲ သူသိတာ"

"အဟင်း..ရိပေါ်လေး စိတ်ချမ်းသာရင် ပြီးရောပါ"

"ခုလို ကျွန်မတို့သားလေးကို နားလည်ပေးလို့ ကျေးဇူး
တင်ပါတယ်"

ရှောင်းကျန့်ဘေးက ခုံမှာ ဝင်ထိုင်နေတဲ့ သူမတို့သားလေး။

"ကိုယ့်ယောကျာ်းရဲ့အဖေကိုလည်း ကိုယ့်အဖေလို့ သဘော
ထားပြီး ရိုရိုသေသေ ဆက်ဆံနော် သား"

မားစကားကြောင့် ရိပေါ် ဦးကို မသိမသာ လှည့်ကြည့်မိ၏။
အီလည်လည်ဖြစ်နေတဲ့ ဦး မျက်နှာကြီးက ရယ်ချင်စရာ။

"ဟုတ်..သား ဦးရှောင်းကို ရိုရိုသေသေဆက်ဆံပါတယ်
ဟုတ်တယ်မလား ဦး"

သူ့ကိုပါ အဖော်ခေါ်ပြီး ထောက်ခံခိုင်းနေတဲ့ ကလေးပေါက်။

"ဟုတ်ပါတယ် ကျွန်တော်တို့မိသားစုနဲ့ ရိပေါ်လေး ဆက်ဆံ
ရေးက လုံးဝကို အဆင်ပြေပြေရှိတာမို့ ဘာမှစိတ်မပူပါနဲ့"

"အေးကွာ..အန်ကယ်လ်တို့ သားလေးက မင်းတို့အိမ်မှာလိုက်
နေရတာဆိုတော့ မင်းတို့နဲ့အဆင်ပြေပြေရှိမှ သူလည်းစိတ်
ချမ်းသာရမှာ"

"ရိပေါ်လေး စိတ်ချမ်းသာရအောင် ကျွန်တော်တို့ထားပေး
မှာပါ"

"ကျေးဇူးပါကွာ၊ ဒါနဲ့ မောင်ရင်လည်း ခရီးပမ်း
လာတယ်မလား။သွားနာတော့လေ"

"ဟုတ်ကဲ့ခဗျ"

ရှောင်းကျန့် မတ်တပ်ရပ်လိုက်ပြီး ကလေးရဲ့မိဘနှစ်ပါးကို
ခေါင်းငုံ့၍ အရိုအသေပေးလိုက်တယ်။

"သား Mr.xiaoရဲ့အခန်းကို သေချာပြင်ဆင်ပေး
ထားရဲ့လား"

"ဟုတ်ကဲ့မား..သား..ဦးအတွက် အိပ်ရာကအစ ပြင်ဆင်ပေး
ထားပြီးပါပြီ"

"ကဲ..ကဲ..ဒါဆိုလည်း သားတို့ သွားအနားယူကြတော့"

မားတို့ရှေ့မှ သူတို့နှစ်ဦး ထွက်လာခဲ့ကြတယ်။သူတို့နှစ်ယောက်ရဲ့အခန်းတွေက မျက်နှာချင်းဆိုင်။

"ဦး.ဆယ်နာရီကျော်လောက်မှ ကျွန်တော့်အခန်းထဲ လာခဲ့
လေ"

ကလေးရဲ့နောက်ကို လိုက်ဖို့ဟန်ပြင်နေမိတဲ့ ရှောင်းကျန့်
တစ်ယောက် ကလေး စကားကြောင့် ခြေလှမ်းတွေကို ရပ်
တန့်ပစ်မိသည်။

Let F**k Together[Completed]Where stories live. Discover now