ယူကျွင်းချီက အမေးကိုသူ့ဆီပြန်ပေးလိုက်၏။

ဖူချန်ချုံးက အဓိပ္ပါယ်ပြည့်ဝသောလေသံဖြင့်
ပြောလိုက်လေသည်။

"ခင်ဗျားအတွေးနဲ့ ကျုပ်အတွေးနဲ့အတူတူပဲထင်တယ်"

ယူကျွင်းချီက ဟက်ဟက်ပက်ပက်
ရယ်မောလေတော့သည်။

"ကျုပ်တို့ခန့်မှန်းတာမှန်ဖို့မျှော်လင့်ရတာပဲ"

ဤရက်များအတွင်း သူ့သားလေးကိုလွမ်းနေသည်။
အခုနောက်ပိုင်း သူဘာတွေလုပ်နေလဲမသိရပေမဲ့
လင်းရှောင် ဒဏ်ရာရထားသည်ဟုတော့
သူကြားထားသည်။ အဲ့ဒါက အမှန်ပဲလား ဒါမှမဟုတ်
ကောလဟလလားတော့မသိပေ။

"တကယ်ပဲသူတို့ဆိုရင် သွေးစွေးနီမိသားစုနဲ့
နတ်ဆိုးဖီးနစ်မျိုးနွယ်က ဒီတိုင်းထိုင်ကြည့်နေမှာ
မဟုတ်ဘူး"

ဖူချန်ချုံးက ခပ်ပေါ့ပေါ့ထုတ်ပြောလိုက်သည်။

လင်းရှောင်နှင့်ယူရှောင်းမိုတို့ လွတ်သွားပြီးကတည်းက
ယူကျန်ထျန်းက လူများလွှတ်ပြီး မနားမနေ
လိုက်ရှာနေတာဖြစ်သည်။ တစ်နှစ်ကုန်သွားတာတောင်မှ
လက်မလျှော့သေးချေ၊  သူ၏ဇွဲကောင်းမှုက
သံသယဖြစ်ဖွယ်ကောင်းလှသည်။

သွေးစွေးနီမိသားစုကို သစ္စာဖောက်သွားခဲ့ခြင်းဖြစ်ပါက
ဤမျှလောက်ထိ ပုံကြီးချဲ့နေဖို့မလိုပေ၊ သို့ပေမဲ့
ဤကိစ္စနှင့်ပတ်သက်၍ ယူကျန်ထျန်း၏ဦးစားပေးမှုက
အမှန်ပင်အတွေးများဖွယ်ကောင်းသည်။

နတ်ဆိုးဖီးနစ်မျိုးနွယ်ကတော့ ကျိယွင်လန်ကိစ္စ
ပြီးနောက်မှာ ကျိဟယ့်နှင့်သူတို့မိသားစု​က
လင်းရှောင်တို့ကို ဖယ်ရှားပစ်ဖို့လိုအပ်သည့်
ဆူးညှောင့်ခလုတ်များဟု မြင်နေကြသည်။

မကြာသေးမီက ကျိဟယ့်တစ်ယောက် ထျန်းကုံနှင့်
ပေါ်ပေါ်တင်တင်ဆန့်ကျင်နေသည့်အကြောင်းတစ်ခု
ရှိပုံရသော်ငြား သူက ယူရှောင်းမိုနှင့်
လင်းရှောင်တို့ကိုရှာဖို့ လူများလည်း
လျှို့ဝှက်စေလွှတ်နေလေသည်။

"ပြီးတော့ ကူမာမျိုးနွယ်စု​ရော"

ယူကျွင်းချီက ငြိမ်သက်စွာထပ်ဖြည့်ပြောလိုက်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now