37 ( Z + U ) Final
Start from the beginning
ကိုကိုက အမေဖြစ်သူအနားနေဖို့ ညီမတစ်ယောက်ရှိသေးတယ်လေ။ကျွန်တော့်မှာက ကျွန်တော်တစ်ယောက်တည်းလေ။ပြီးတော့ စီးပွားရေး။ကိုကိုက စက်ရုံအလုပ်လည်း လုပ်ချင်တာမဟုတ်ဘူး။ဒီအတိုင်းဆို Taxi ဆွဲတဲ့ အလုပ်တစ်ခုတည်းနဲ့ က အိမ်လခရော လစဉ် အသုံးစရိတ်တွေနဲ့က ဘယ်လိုမှ မစုမိနိုင်ဘူး။ရွာမှာဆိုရင် ဘယ်လိုဖြစ်ဖြစ် အိမ်လခလည်း ကုန်စရာမလိုဘူး။အလုပ်လည်း ပေါတယ်လေ။ဆိုတော့ ဒီမှာထက် ရွာမှာ နေတာ အဆင်ပြေဆုံးပဲလေ။ပြီးတော့ နှစ်ယောက်စလုံးလည်း ဒီမှာထက် ဟိုမှာ ပိုပျော်နေကြတာပဲ မဟုတ်ဘူးလား။တစ်ယောက်တည်း ကျန်ခဲ့မယ့် အမေဖြစ်သူကို စိတ်မချဖြစ်တာ ကိုကို့အပြစ်မဟုတ်ပါဘူး။ညီမလေး စာမေးပွဲပြီးသည်အထိ လာနေပေးရင်လည်း ဖြစ်တာပဲ။အလွန်ဆုံးကြာ လေးလပါပဲ။
ထိုစဉ် ကားပေါ်တက်ဖို့ လူခေါ်ပြီမို့ ကားပေါ်သာ တက်နေလိုက်ကြတော့သည်။ဆယ့်ငါးမိနစ်လောက်ကြာတော့မှ စထွက်တဲ့ ကားပေါ်မှာ နားကြပ်တစ်ဖက်ကို ဘယ်ဘက်နားမှာတပ်ပြီး ကျန်တစ်ဖက်ကို ကိုကို့ရဲ့ ညာဘက်နားမှာ တပ်ပေးထားလိုက်တဲ့ အခါမှာတော့ ကြည့်ပြီး ပြုံးပြလာသည်။ဘယ်ဘဝက ဝဋ်ကြွေးလဲလေ။လက်ထပ်ပြီးကတည်းက တစ်မျိုးမဟုတ် တစ်မျိုး ကြုံနေရတော့တာပါပဲ။
♥♥♥
ကားဂိတ်ကို ရောက်လာတော့ မနက် ရှစ်နာရီလောက်။မနေ့က နေ့လည်ထွက်ခဲ့တာ ဒီနေ့မနက်ရောက်တယ်။မနေ့က ညစာတော့ လမ်းမှာစားခဲ့ပေမယ့် ဗိုက်က တော်တော်လေး ဆာနေပြီ။ကားမူးတဲ့ ဒဏ်ကြောင့်ရော လူက မလန်း။
"မောင့်...ဘယ်လိုပြန်မှာလဲ...ကြိုဖို့ခေါ်မှာလား "
"ဒီကနေပဲ ဆိုင်ကယ်ငှါးပြန်ရအောင်...အကြိုခေါ်ရင် အလုပ်ရှုပ်နေဦးမှာ "
"အာ့ဆိုလည်း မြန်မြန်ငှါးစမ်းပါကွာ...ဗိုက်ဆာတာလည်း လောနေပြီ"
"ဒါဆို ဒီမှာပဲ စားသွားရအောင်...လာ...ဟိုနားမှာ ထမင်းဆိုင်တွေရှိတယ်"
အိမ်ရောက်မှ ထမင်းစားလိုက်ရင် ပိုက်ဆံကုန်မှာတော့မဟုတ်ဘူး။အိမ်ရောက်ရင်လည်း မချက်အားသေးလို့ အမေတို့ ချက်ပြီးသား စားရမှာလည်း အားနာစရာပေမို့ ဝယ်စားဖို့ပဲ ဆုံးဖြတ်လိုက်သည်။