အားလုံးပြင်ဆင်ပြီးတဲ့နောက်မှာ မှန်ထဲက ကိုယ့်ပုံရိပ်ကို
ကိုယ်ကြည့်ပြီး အဆင်ပြေလောက်ပါတယ်လို့ ရိပေါ် မှတ်
ချက် ချလိုက်တယ်။

"Wow..အရမ်းမိမိုက်နေတာပဲ..ဝမ်ရယ်။
ကိုယ့်ယောကျာ်း ကိုယ်ပြန်ကြွေနေပါပြီနော်"

ရေချိုးခန်းထဲက ထွက်လာတဲ့ အကိုက ရိပေါ်ကိုမြင်တော့
ချီးကျူးစကားဆိုတယ်။

"အဟင်း..အချင်းချင်း မြှောက်မနေစမ်းပါနဲ့ အကိုရာ။
ကျွန်တော့်ကို မြှောက်နေလို့လည်း အကိုမုန့်စားရမှာ
မဟုတ်ဘူးနော်"

"မြှောက်ပြောနေတာမဟုတ်ဘူး။အရှိကို အရှိအတိုင်းပြောတာပါ ဝမ်ရယ်။ကိုယ်လူရွေး မှန်ခဲ့တာကို ဂုဏ်ယူမိတယ်"

အကို့ စကားကြောင့် ရိပေါ် အင်တင်တင်နဲ့ ပြုံးလိုက်မိတယ်။
အကို လူရွေးမမှန်ခဲ့ဘူး အကို။သစ္စာ ရှိမပေးနိုင်ခဲ့တဲ့အတွက်
တောင်းပန်ပါတယ်လို့ ရိပေါ်စိတ်ထဲက ရေရွတ်နေမိတယ်။

"အဝတ်အစား လဲတော့လေ အကို။ညနေ ခြောက်နာရီတောင်
ထိုးတော့မယ်"

"သြော်..အင်း..ဟုတ်သား။ဝမ့် အလှမှာ နစ်မြောပြီး ပြင်
ဆင်ဖို့ကို မေ့နေတာ"

"အကို ကတော့ ပိုပြီဗျာ။ပြင်စရာ ရှိတာသာ အမြန်ပြင်ပါ။
အကို့ ပါးက ကျွန်တော်တို့ကို စောင့်နေရရင် မကောင်းဘူး
လေ"

"အိုကေ..ဝမ့် သဘော"

Kelvinလည်းT.shirtအဖြူကို Jean pantနဲ့တွဲ၍
ဝတ်ဆင်လိုက်တယ်။ရွှေဝါရောင် မကျတကျ ဆံပင်တွေ
ကို ပုံသွင်းပြီးတဲ့နောက်မှာတော့ Jean Jacketကို
အပေါ်က ထပ်၍ ဝတ်ဆင်ကာ ပြင်ဆင်ခြင်းကို အဆုံးသတ်
လိုက်တယ်။

"သွားကြမယ်"

သူပြောလိုက်တော့ ကုတင်ပေါ်မှာ ထိုင်ပြီး လိုင်းသုံးနေတဲ့
ဝမ်က ခေါင်းညိတ်ပြတယ်။

ထို့နောက်မှာတော့ သူတို့နှစ်ယောက်လည်း Dadပြောထား
တဲ့ hotelကို ကားနဲ့ထွက်လာခဲ့လိုက်တယ်။

~~~~~~~~~~~~~~~~~~

"သြော်..သားတို့တောင် ရောက်လာကြပြီပဲ။လာထိုင်ကြ
ကွာ"

VIP Roomထဲ ဝင်လိုက်တော့ ဦးက သူတို့နှစ်ယောက်အားအပြုံးနဲ့ကြိုဆိုတယ်။

Let F**k Together[Completed]Where stories live. Discover now