"တကယ်မမှတ်မိဘူးလား"

ချန်ရှု နှာခေါင်းပင် ချွေးအနည်းငယ်ပြန်လာပြီး စစ်ရယ်ကိုမျက်နှာချင်းဆိုင်ကြည့်လိုက်ကာ ခေါင်းညိတ်လိုက်သည်။

"ဟုတ်"

ထူးဆန်းတဲ့အခြေနေကနေ ခနတာ တိတ်ဆိတ်သွားပြီးနောက် စစ်ရယ်က သူ့လည်ပင်းပေါ်ကနေ လက်ကို ဖယ်လိုက်တယ်ချန်ရှုသက်ပြင်းချကာ ကိုယ်ကိုမတ်ပီးအမြန်ပင်ထထိုင်လိုက်သည်။

ချန်ရှု ခေါင်းကိုငုံ‌ထားကာ သူ့လက်ကိုစိုက်ကြည့်ပီး

"အန်ကယ်စစ် တကယ်လို့ မနေ့ညက ကျွန်တော် အရက်မူးပီး မပြောသင့်တဲ့စကားတေပြောမိသွားရင် အဲ့တာတေက စိတ်ထဲကမပါပဲ ပြောမိလိုက်တာပါ "

"စိတ်ထဲက မပါဘူးပေါ့"

စစ်ရယ်က မေးလိုက်တယ်။

သေချာသွားပီ။ သူမပြောသင့်တဲ့ စကားတေပြောခဲ့မိတာပဲ။အဲ့တာကြောင့် ချန်ရှု ခေါင်းကိုမြန်မြန်ငြိမ့်လိုက်ကာ

"ဟုတ်ပါတယ်"

ချန်ရှု ဖြေပီးတဲ့နောက်မှာ စစ်ရယ်က ရီနေခဲ့တယ်။ချန်ရှု တစ်ကိုယ်လုံး ဆူးပုံပေါ်မှာ ထိုင်နေသလို ခံစားနေရတယ်။ မနေ့ကညကိုပြန်သွားပီး သူဘာတေပြောခဲ့လဲ ရုတ်တရက်ပြန်သိချင်သွားတယ်။အဲ့ဒီအ‌ကြာင်းရာတေက စစ်ရယ်ကိုရယ်‌စေတယ်လေ ။

စစ်ရယ် ချန်ရှုဘက်ကိုမျက်နှာလှည့်ကာ နောက်ပြောင်ချင်တဲ့မျက်နှာနဲ့

"မင်းကို အလိုလိုက်(ယူ)ပါ ဆိုတဲ့ စကားကိုရော ‌မေ့သွားပီလား"

"Boom-"

ချန်ရှုတစ်ယောက် နွေခေါင်ခေါင်တွင် မိုးကြိုးပစ်ခံလိုက်ရသလို ဦးနှောက်တေ လုံးဝပေါက်ကွဲသွားမတတ်ခံစားလိုက်ရတယ် နဂိုကဖြူဝင်း‌နေတဲ့ မျက်နှာက အခုတော့ ဝက်အသည်းလို နီရဲလာခဲ့တယ်။

ဒီလောက် အရှက်မဲ့တဲ့ စကားမျိုးကို သူ တကယ်ပြောခဲ့တာလား။

ချန်ရှု တကယ်ပင် စစ်ရယ်အလိုလိုက်တာခံချင်တယ်။ စစ်မိသားစုရဲ့ အချစ်ဆုံးကလေးဖြစ်လာတဲ့အထိ စစ်ရယ် သူ့ကို အလိုလိုက်စေချင်တယ်။ဒါမှ စစ်ရိချန်ကို ဒေါသထွက်အောင် လုပ်နိုင်မှာလေ။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now