" မင်းက ဒီကြွက်ဦးနှောက်ကို မဖြစ်သင့်တာတေ မမြှောက်ပေးသင့်ဘူးနော်"

ချန်ရှုက နှုတ်​ခမ်းကိုတွန့်ကာ စကားတစ်​ခွန်းမှ မပြော‌တော့ဘဲ ပြုံးနေလိုက်​တော့သည်​။

"ငါခုနက ပြောသလိုပဲ ကမ်းခြေကိုသွားကြရင် ကောင်းမလား "

ကွမ်ချင်ချင်း က သူတို့ စကားများနေကြတာကို စောင့်ပီးတဲ့နောက်မှာ အဓိကအကြောင်းရာကို အမြန်ပြန်ဆွဲခေါ်လိုက်တယ်။

"ငါကအဆင်ပြေတယ် မင်းတို့သိတဲ့အတိုင်းပဲ အမေက ငါ့မျက်နှာကိုမမြင်ချင်ဘူးလို့ပြောထားတာ အဲ့တာကြောင့်အားလပ်ရက်တေကအပြည့်ပဲ "

ဝမ်းချန်းရိကပခုံးတွန့်လိုက်ပြီး သူ့အကြောင်းကို ခါးသီးစွာပြောပြလိုက်တယ်။

"သေချာတာပေါ့ ဒီကမ္ဘာပေါ်မှာရှိတဲ့ အမေအားလုံး အကုန်အတူတူပဲ စာမေးပွဲမပီးခင်နှစ်ရက် နဲ့ပီးတဲ့နှစ်ရက်မှာတော့ ကလေးလေးကိုဂရုစိုက်သလိုဂရုစိုက်ခဲ့တာ အခုတော့ အမေက ငါ့ကိုမုန့်ဖိုး ပေးချင်တဲ့အချိန်မှပေးတယ် တခါတလေဆို ပေးဖို့မေ့နေတဲ့အထိပဲ "

ယောက်ျားလေး၊ မိန်းကလေး အကုန်လုံး ကမ်းခြေသွားဖို့ အစီအစဉ်အကြောင်း ပြောနေ ကြရင်း မိသားစုတွေရဲ့ အခြေအနေအကြောင်း ညည်းညူ‌နေ ကြတယ်။

"အရမ်းအဝေးကြီးလဲမဖြစ်ရဘူး မြို့ထဲမှာလည်းရှိပီး ရထားနဲ့ နှစ်နာရီအတွင်း ရောက်နိုင်တဲ့နေရာဆိုရင်ရော"

"သဘောတူတယ် ဘယ်နှစ်ရက်သွားကြမှာလဲ"

"ငါကြားတာကတော့ ညဘက်ဆို ကမ်းခြေမှာ အသားကင်လုပ်စားလို့ရတယ်၊ ကြယ်တွေလည်း ကြည့်လို့ရတယ်။ဘယ်လောင်‌တောင်ရိုမန်တစ်ဆန်လိုက်သလဲ"

အားလုံးဆွေးနွေးပြီးတဲ့အခါ တချို့လူတွေက အဆာပြေမုန့် လာယူလာကြမယ်လို့ ပြောကြပြီး ဟိုမှာ သူတို့သိတဲ့ ဦးလေးတွေဆီနေ သူတို့အတွက် စျေးသက်သက်သာသာနဲ့ တဲတွေ ငှားနိုင်တယ်လို့ ပြောကြတယ်။

ကုရှင်းဟောင်က သူ့လက်ကို မြှောက်လိုက်ပီး

"ဒါဆို ငါ လက်မှတ်ဝယ်ပေးမယ်!"

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Kde žijí příběhy. Začni objevovat