1 [Rebirth]

22.3K 1.9K 42
                                    

"ချန်ရှု မင်းရဲ့အမှတ်တွေကို အရင်နေ့ထဲက ခန့်မှန်းထားပြီးပြီမလား ငါကြည့်လိုက်မိတယ်ထင်တယ်။"

"ဘာလို့ ခွေးလိုဟောင်တတ်ဖို့ မသင်ရတာလဲ ဒါမှမဟုတ် ငါ့အဖေဆီက ပိုက်ဆံယူပီး မင်းကိုတက္ကသိုလ်ကောင်းတစ်ခု တတ်နိုင်အောင် ငါစီစဉ်ပေးရမလား?မင်းတက္ကသိုလ်မှာ အသုံးကျကျမကျကျ ပိုက်ဆံပေးပီး ဘွဲ့တစ်ခုခုရအောင်ယူ ဒါမှငါတို့ စစ်မိသားစု မျက်နှာမပျက်မှာ"

"ရိချန် ပြောတာမှန်တယ် ချန်ရှုလေး ရှက်မနေပါနဲ့။ နောက်ဆုံးတော့ မင်းက ရိချန် နဲ့ မတူဘူး။ ရိချန်က ကလေးဘဝကတည်းက အရမ်းတော်တာ။ ဒီတစ်ခါမှာတောင် ခန့်မှန်းရမှတ် 700 ကျော်ရှိတယ်။ မင်းကတော့ဘာမှဖြစ်လာမှာမဟုတ်ဘူး။"

ချန်ရှုစိတ်သည် ရှုပ်ထွေးနေပီး ရုတ်တရက် သူ့မျက်လုံး‌ထဲမှာအမဲသဏ္ဌာန်အရိပ်‌တွေ ပေါ်လာကာ အမြင်အာရုံတေက မှုန်ဝါးနေတယ် နားထဲတွင် ဆူဆူညံညံ ဆူညံသံများနှင့် ပြည့်နှက်နေပြီး သူဂရုတစိုက် နားထောင်သောအခါ နားထဲမှာ တဝှီဝှီသာကြားနေရတယ်

ဘာဖြစ်သွားတာလဲ? သူသေပြီမဟုတ်ဘူးလား

ချန်ရှု သည် ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်ပြီး မူးနှောက်နေတဲ့ အမြင်အာရုံနဲ့ ဦးနှောက်ကို အလုပ်ပေးဖို့ ကြိုးစားလိုက်တယ်

သူသေပြီမလား တစ်ယောက်ယောက်သူ့ကို ကယ်တင်ခဲ့တာလား?

ဘယ်လိုဖြစ်နိုင်မှာလဲ၊ စစ်ရိချန်က သူ့ကို စွန့်ပစ်ထားတဲ့ စက်ရုံတစ်ခုမှာ ဖမ်းထားခဲ့တာ စက်ရုံက မီးပြင်းပြင်းနဲ့ မီးလောင်ပြီးနောက်တော့ သူပါအထဲမှာ မီးလောင်သေဆုံးသွားတာကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးတယ်။

"ဟေ့ မင်းဘာတွေ ကန်းချင်ယောင်ဆောင်နေတာလဲ ရိချန်ကမင်းနဲ့စကားပြောနေတာ မင်းမကြားဘူးလား"

ရင်းနှီးသောအသံတစ်ခုကြားလိုက်ကာ ချန်ရှု ပခုံးကို အနည်းငယ်တွန်းလိုက်တာကိုခံစားမိတယ် သူယိုင်သွားပြီး လဲကျလုနီးပါးဖြစ်ခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် သူ့ခန္ဓာကိုယ်ကို တည်ငြိမ်စေရန်အတွက် သူ့ဘေးနားရှိ စားပွဲကို အချိန်မီထောက်ထားပြီး ထိန်းလိုက်သည် သူ့ရဲ့အမြင်အာရုံတွေ တဖြည်းဖြည်း ကြည်လင်လာသည်။

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now