"ဟို..ညကျမှပဲလေ..ခုတော့..ကျွန်တော်..စိတ်မပါသေးဘူး"

"အိုကေ..အိုကေ..ညဆိုလည်း ညပေါ့။ဒါဆို ခုကဘာလုပ်
မလဲ"

ဂုတ်သားတွေကို ဖွဖွနမ်းရင်း ပြောနေတဲ့ အကို့ကြောင့် ရိပေါ်
နေရခက်လာသည်။

"ဂိမ်း...ဂိမ်းဆော့ကြမယ်လေ"

အကို့လက်ထဲက ရုန်းထွက်ရင်းပြောလိုက်တော့ အကိုက
ခေါင်းညိတ်ပြီး ဖုန်းကိုယူနေတယ်။

ထိုအခါမှ ရိပေါ်လည်း အိတ်ထဲက ဖုန်းလေးကို လှမ်းယူပြီး
သက်ပြင်းလေး မသိမသာ ချမ်ိတယ်။

မွေ့ရာပေါ်မှာ ထိုင်ပြီး internet gameတစ်ခုကို သူတို့
နှစ်ယောက် အတူတူ ဆော့နေလိုက်ကြတယ်။

"အကို.ဒီတစ်ပွဲပြီးရင် တော်ရအောင်..ကျွန်တော်ရေချိုး
မလို့"

ညခုနှစ်နာရီလောက်ရောက်တော့ ရိပေါ် အကို့အား ပြော
လိုက်တယ်။

"အိုကေ..ခုတစ်ပွဲပြီးရင် နားတာပေါ့"

ဂိမ်းတစ်ပွဲပြီးတဲ့နောက်မှာ ရိပေါ်လည်း ရေချိုးဖို့ဟန်ပြင်
လိုက်သည်။

"အတူတူ ချိုးကြမလား..ဝမ်"

ရိပေါ်လက်ကို ဆွဲကာပြောလာတဲ့ အကို့ကို ရိပေါ်ခေါင်းလေး
ခါပြရင်း ငြင်းဆန်လိုက်သည်။

"ကျွန်တော်က ရေချိုးရင် တစ်ယောက်တည်းပဲ ချိုးတတ်တာ
အကိုရဲ့"

"ဟင်းး...ဝမ်ကလည်း..လက်ထပ်ပြီးနေတဲ့ဟာကို.."

သက်ပြင်းချရင်း သဘောမကျသလိုပြောလာတဲ့ အကို။

"ကျွန်တော် အကျင့်မရှိလို့..နားလည်ပေးပါ..အကို"

ရိပေါ်လည်း သုန်မှုန်နေတဲ့မျက်နှာနဲ့ ကုတင်ပေါ်မှာ ထိုင်နေတဲ့
အကို့ကို လျစ်လျှူရှုခဲ့လိုက်ပြီး ရေချိုးခန်းထဲသို့ အမြန်ပြေး
ဝင်ခဲ့တယ်။

"လူကြီးရော..ပြန်ရောက်ပြီလား မသိဘူး"

ရေချိုးရင်း ခေါင်းထဲဝင်လာတဲ့ အတွေးကို ရိပေါ် နှုတ်မှ
ထုတ်ပြောမိလိုက်တယ်။

"ကျစ်..မဆိုင်တာတွေ မတွေးစမ်းနဲ့ ရိပေါ်"

ခေါင်းကိုခါလိုက်ကာ ရေဗန်းအောက်သို့ ဝင်ရပ်လိုက်သည်။
ခေါင်းလျှော်ရည်ဗူးကို ယူကာ ခေါင်းပါတစ်ခါတည်းလျှော်
ချပစ်လိုက်တယ်။

Let F**k Together[Completed]Where stories live. Discover now