"ကျွန်တော်လည်း ထည့်မပေးလိုက်နိုင်ဘူးဗျ..."
ပုခုံးသားပေါ် စိုစွတ်နေတာတွေက ကိုကို့မျက်ရည်တွေ။
"စဉ်းစားပါဦး ငါ့သားရယ်...သားအဖေရဲ့ နောက်ဆုံးအချိန်မှာတောင် ငါ့သားက အဖေနားမှာမနေချင်ဘူးလား..ဟင်"
အလကား။အလကားတွေ။အတူရှိနေကြချိန်တုန်းကရော သားတစ်ယောက်ဆိုတာထက် သူတို့ ဂုဏ်သိက္ခာ အတွက်ပဲ အကောင်းဆုံး ဂုဏ်အရှိဆုံး ဆိုတာတွေပဲ မလုပ်ချင်ချင် လုပ်ချင်ချင် လုပ်ခိုင်းချင်ကြတာ မဟုတ်ဘူးလား။သားတစ်ယောက်ဆိုတာထက် စက်ရုပ်တစ်ရုပ်လို သဘောထားကြတယ်ဆိုတာ ဘေးကကြည့်တဲ့သူတောင်သိတယ်။
အခုလည်း ကြည့်။သူတို့နောက်ပါစေချင်လို့ မငြင်းနိုင်အောင်လုပ်နေကြတာ။သူတို့ဆီရောက်သွားပြီးရင် သူတို့သဘော လုပ်ကြမှာ။
အဖေ။အဖေတစ်ယောက် ဒီလောက်ုဖြစ်နေချိန်မှာတောင် ကိုယ့်ပယောဂကြောင့် သွားမတွေ့နိုင်ဘဲ ကိုကိုက နောင်တတွေနဲ့ ကျန်နေခဲ့ရင်ရော။ဘယ်လိုလုပ်ရမှာလဲ။သားမိုက် တစ်ယောက်လို့ အများကမြင်သွားအောင် ဘယ်လိုအင်အားတွေနဲ့ရော လုပ်ရမှာလဲ။
အား.....။အခုမှလေ။အခုမှ ပျော်ရမယ့်အချိန်လေ။ဒီအချိန်မှာမှ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကို တွေ့ပေးရသလား။
"စဉ်းစားနော် သား...အဖေဆိုတာ အစားထိုးလို့ရတဲ့ သူမဟုတ်ဘူး...သားအဖေကလည်း သားကို သတိရနေတာပါကွယ်"
"ခနလောက် တိတ်တိတ်လေး နေပေးလို့မရဘူးလား"
တွေဝေစေမယ့်စကားတွေကို နားယောင်အောင် ပြောနေတဲ့သူ။မိဘတွေဖြစ်ပြီး လျှော့မပေးနိုင်တဲ့သူတွေ။
"ကိုကိုသိလား...ကိုကို့အိမ်က ကျွန်တော့်ကို ခါးခါးသီးသီးဖြစ်နေတယ်ဆိုတာ"
ခေါင်းညိတ်ပြလာတဲ့ ကိုကို။
"ကိုကိုလိုက်သွားရင် သူတို့ဘယ်လိုလုပ်မလဲဆိုတာ ကိုကိုစဉ်းစားမိလား"
ခေါင်းညိတ်ပြပြန်ပြီ။သိရဲ့သားနဲ့များကိုကိုရာ။
တစ်ဖက်က အဖေ။တစ်ဖက်က အိမ်ထောင်ဖက်။