အစ်ကိုပျော်နေတယ်ဆိုတာကတော့ ကြညလင်နေတဲ့ အစ်ကို့မျက်နှာကြည့်ရုံနဲ့ သိသာနေတယ်။လည်ပင်းကိုကြည့်မိရင် မြင်နေရတာတွေ ရှိနေတယ်။အစ်ကိုဟာ သူများအမြင်တေကိုလည်း ဂရုမစိုက်တော့ဘူးထင်တယ်။အရင်ကဆို တစ်ခုမဟုတ်တစ်ခုနဲ့ ဖုံးထားတတ်တာ။
"ဘာမှမဟုတ်ပါဘူးဗျာ...ဟိုကောင် အလုပ်သွားတော့ အစ်ကိုပျင်းနေမယ်ထင်လို့ လာတာ"
"အာ...ပျင်းတော့ပျင်းပေမယ့် အားနာစရာကြီးကို"
"ရပါတယ်ဗျာ..အားမနာပါနဲ့"
"အင်းပါ အင်းပါ...အာ့ဆို ခဏစောင့်ဦး အစ်ကိုထမင်းကြမ်းသွားစားလိုက်ဦးမယ်...ဗိုက်ဆာနေပြီ"
"အင်း...သွားလေ..ကျွန်တော်က ဒီမှာပဲ နေနေမှာ"
ထမင်းကြမ်း စားဖို့ဆိုပြီး အိမ်ပေါ်တက်သွားတဲ့ အစ်ကိုက ပျော်နေပုံရတယ်။ပျော်မှာပေါ့လေ။ချစ်တဲ့သူနဲ့ အတူနေရတာကို မပျော်တဲ့သူ ဘယ်သူရှိပါ့မလဲ။စာသင်တုန်းက ထားတဲ့ ကျောက်သင်ပုန်းလေးက အခုတော့ စာမရေးဖြစ်တာကြာနေလို့ထင် မွဲခြောက်ခြောက်။အရင်က နေရာတကျ စီထားတဲ့ ခုံလေးတေက အခုတော့ တစ်ခုံပေါ် တစ်ခုံထပ်လို့။အစ်ကို စာပြန်မသင်တော့ဘူးလား မေးရဦးမယ်။မနေ့ကဆို လမ်းမှာတွေ့တဲ့ ကလေးတွေက ကိုကြီးသုတ ပြခဲ့ပြီ ဆိုပြီးတောင်ပြောနေသေးတယ်။သူတို့လေးတွေလည်း သူတို့ဆရာကို လွမ်းရှာမပေါ့။အစ်ကို စာပြန်သင်ရင်တော့ ညလေးတစ်ချိန်လောက် ခေါ်ပြီး ညကျူရှင်လုပ်ရင် အဆင်ပြေတယ်။ဒီရွာဘက်မှာက အဲ့လို ညဘက်မျိုး ကျူရှင်ခေါ်ပေးရင် မိဘတွေက ထားကြတယ်။အိမ်မှာဆို စာမကျက်ကြလို့ ကျူရှင်ပို့ရတာလည်း ပါတာပေါ့။
အရင်က ခြံဝန်းထဲမှာ စိုက်တတ်တဲ့ သီးပင်စားပင်ဆိုတာလည်း အစ်ကိုဒီအိမ်မှာ မရှိကတည်းက သူငယ်ချင်းကောင်းကြီး အပြုအစုတော်လို့ သေတဲ့ အပင်ကသေ ခြောက်တဲ့ အပင်ကခြောက်။အကြမ်းခံ တဲ့ အပင်မျိုးတေသာ ကျန်တယ်။
"ထွဋ်ခေါင်ရေ...ဂွေးသီးသုပ်စားချင်ရင် အပင်ကကောက်ထားပေး...ငါသုပ်ပေးမယ် ရှယ်သုပ်ပေးမှာ"
အပေါ်ကနေ လှမ်းပြောနေတဲ့ အစ်ကို။အင်း....အစ်ကိုသုပ်တဲ့ ဂွေးသီးသုပ်က စားကောင်းတယ်။အိမ်မှာနေတုန်းက ခဏခဏ သုပ်ခိုင်းပြီး စားရတာ။