အပိုင်း လေးဆယ့်သုံး

1.6K 63 3
                                    

unicode

ရုန်း ကျောင်းအုပ်ကြီးရုံးခန်းထဲသို့ ဝင်လိုက်သည်နှင့် ကျောင်းအုပ်ကြီးနှင့်မျက်နှာချင်းဆိုင်ထိုင်နေသော ဒေါ်မျိုး၏မျက်နှာက မော်ချီလို့နေသည်။ ဘေးနားတွင်ရပ်နေသည့် ဆရာမ၏မျက်နှာမှာလည်း မကောင်း။ ဒေါ်မျိုးက သူမ၏သမီးဖြစ်သူကြာညိုကိစ္စကြောင့်နှင့် ရုန်းတို့ကိုအမြင်မကြည်။ ရုန်းတို့ကိုသဘောမကျသည်နှင့် ကလေးနှစ်ယောက်ကိုရန်တိုက်ပေးနေသည်က ဖြစ်သင့်သည့်အရာတော့မဟုတ်ပေ။

"မောင်ရင် ဆရာပြောရမှာတော့ အားနာပါတယ်။ ဒီကဒေါ်မျိုးက ဆရာ့ကိုလာတိုင်တယ်။ မောင်ရင့်သားနလေးက ဒေါ်မျိုးသားမိုးထိအောင်ကို အရင်ကိုယ်ထိလက်ရောက်စကျူးလွန်ပါတယ်တဲ့။ ဒါကြောင့် ဆရာခေါ်လိုက်ရတာပါ။"

ရုန်းကဒေါ်မျိုးဘေးတွင် လစ်လပ်နေသောခုံပေါ်သို့ ထိုင်ချလိုက်သည်နှင့် ကျောင်းအုပ်ကြီးက စကားစသည်။ ကျောင်းဝန်းတဝိုက်သာယာအောင် ပံ့ပိုးပေးနေသောအဓိကလူမှာ ရုန်းဖြစ်တာကြောင့် ကျောင်းအုပ်ကြီးမျက်နှာမှာ အနည်းငယ်တော့ ပျက်ယွင်းနေသည်။

"အားနာစရာမလိုပါဘူး ဆရာကြီး၊ပြောချင်တာကိုပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်။"

အဓိကပံ့ပိုးသူဖြစ်တာကြောင့်နှင့် ရုန်းအပေါ်မဝံ့မရဲဖြစ်နေရမည်မျိုးကို ရုန်းမလိုလားချင်။ ထိုကဲ့သို့ဖြစ်စေရန် ကျောင်းဝန်းသာယာအောင် လှူဒါန်းခဲ့သည်မှမဟုတ်လေပဲ။ သံသရာအဆက်ဆက် ရိုးလေးနှင့်တွေ့ဆုံစေဖို့ကိုသာ ရည်းစူးခဲ့ခြင်းဖြစ်သည်။

"ကျွန်မသားကခံရတဲ့သူပါ မျှမျှတတဆုံးဖြတ်ပေးဖို့ တောင်းဆိုချင်ပါတယ် ကျောင်းအုပ်ကြီး။"

ဒေါ်မျိုးစကားသံအဆုံး၌ ရုန်း၏မျက်နှာကတည်တင်းသွားသည့်နည်းတူ လူလေးယောက်ရှိနေသည့်အခန်းရဲ့အပူချိန်မှာလည်း သိသိသာသာကို အေးစက်သွားရသည်။ သတိထားမိသည့် ဆရာမကတော့ စားပွဲဘေးတွင်သာမတုန်မလှုပ်ရပ်နေ၏။

"ဒေါ်မျိုးသားက ဘာတွေထိခိုက်သွားတာလဲ။"

"အင်္ကျီစကိုအားနဲ့ဆွဲဆုတ်မှတော့ ကျွန်မသားလည်ပင်းအင့်သွားတာပေါ့တော့။ မတော်ကာ အသက်ရှုရပ်သွားရင်ဘယ်လိုလုပ်မတုန်း။"

ရုန်းထွက်မရပါလျှင် ဆက်၍တိုးဝင်မည်။(COMPLETED)حيث تعيش القصص. اكتشف الآن